Latest Movie :

Captain Phillips (2013) မြန်မာစာတန်းထိုး


၂၀၀၉ ခုနှစ်မှာ အမေရိကန်တွေအတွက် အံ့အားသင့်ဖွယ်ရာကိစ်စတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးအကွိမ် အမေရိကန်ကုန်တင်သင်္ဘောတစ်စင်း ပြန်ပေးဆွဲခံရတာပဲ ဖြစ်ပါတယ်။
အိုမန် (Oman) နိုင်ငံ၊ ဆလာလဆိပ်ကမ်း (Port Of Salalah) ကနေ ကုန်ပစ်စည်းတွေသယ်ဆောင်လာတဲ့ အမေရိကန်ကုန်တင်သင်္ဘော အမ်ဗွီ မဲဆ်ခ် အာလဘာမား (MV Maersk Alabama) ဟာ ဆိုမာလီကမ်းရိုးတန်းကို ဖြတ်ကျော်ပွီး ကင်ညာနိုင်ငံ (Kenya)၊ မွမ်ဘာဆာမွို့ (Mombasa) ကို ခရီးအဆက်၊ လမ်းမှာ ဆိုမာလီပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ်။
ဒီအခါ ဘာတွေဆက်ဖြစ်တယ်ဆိုတာကို စိတ်လှုပ်ရှားဖွယ် ရသအပြည့်နဲ့ ရိုက်ကူးတင်ပြထားတာဖြစ်ပါတယ်။ ထိုင်ရာမထတမ်း ကွည့်ရှုရလောက်အောင် ကောင်းမွန်တဲ့ အက်ရှင်၊ အတ္ထုပ်ပတ္တိဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
အကွိုက်ဆုံးကတော့ အခုမှ စပြီး ရုပ်ရှင်ရိုက်တဲ့ ဆိုမာလီဓါးပြဗိုလ် အဖြစ်သရုပ်ဆောင်တဲ့ (တကယ့် ဆိုမာလီလူမျိုး) Barkhad Abdi နဲ့ ၀ါရင့်မင်းသားကွီး Tom Hank တို့ကွားက စကားပြောခန်းတွေဖြစ်ပါတယ်။
IMDB Rating (7.9/10 ) နဲ့ Rotten Tomatoes (93/100)% အထိရရှိထားသော
ဇာတ်ကားကောင်းဖြစ်ပြီး Philips အဖြစ် Tom Hanks က ပါဝင်သရုပ်ဆောင်ထားပါတယ်။ Tom Hanks အပြင် ပင်လယ်ဓားမြတွေအဖြစ်သရုပ်ဆောင်ထားသော ဇတ်ကောင်တွေပါ အလွန် ပီပြင်ကွပါတယ်။ ကွည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပြီး ဇာတ်လမ်းအဆုံးထိ စိတ်ဝင်စားဖွယ်ကောင်းပါတယ်။


Share this article :

Post a Comment

Powered by Blogger.