Latest Movie :

A Chinese Fairy Tale (2011) မြန်မာစာတန်းထိုး


(ယင်ချက်ဟာ) အနက်ရောင်တောင်ပေါ်က မှော်ဆရာလေးယောက်နှင့် သစ်ပင်မိစ္ဆာတို့ရဲ့တိုက်ပွဲမှာ မိစ္ဆာမကိုအပြီးသတ်ချေမှုန်းနိုင်ဖို့လိုအပ်နေတာက ယင်ချက်ဟာရဲ့ မှော်လက်နက်ပါ… ယင်ချက်ဟာတစ်ယောက် တိုက်ပွဲကိုရောက်လာခဲ့ပေမယ့် မှော်လက်နက်တော့ပါမလာခဲ့ပါဘူး ယင်ချက်ဟာရဲ့ဆရာကတော့ သူ့လက်ကိုအဖြတ်ခံပြီး မှော်လက်နက်အဖြစ်အသုံးပြုကာ သစ်ပင်မိစ္ဆာကိုချုပ်နှောင်လိုက်ရရုံမှတပါး တတ်နိုင်စွမ်းမသာခဲ့တော့ပါဘူး..
. – (လီစူစင်း) အလှပဆုံးနဲ့ သစ်ပင်မိစ္ဆာမရဲ့အချစ်တော်တစ်ယောက် မကောင်းဆိုးဝါးဖမ်းဆီးသူတစ်ယောက်နဲ့ ချစ်ကြိုက်မိဖို့အကြောင်းဖန်လာပါတယ်… သူမနှစ်သက်တဲ့သကြားလုံးကိုကြွေးတဲ့သူကိုပဲ သူမချစ်နိုင်မယ်လို့ဆိုခဲ့သလိုပဲ ချစ်မိနေသူကမကောင်းဆိုဝါးဖမ်းဆီးတဲ့သူဖြစ်နေတဲ့အခါမှာတော့… သူမရဲ့တာဝန်အတိုင်းသခင်ကိုမလွန်ဆန်နိုင်တဲ့အခါ လူတွေရဲ့စွမ်းအားကိုစုပ်ယူနေချိန် ချစ်သူကတွေ့ရှိသွားတဲ့အခါမှာတော့…
– ထိုအဖြစ်အပျက်များဖြစ်ပွားပြီး နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်… အနက်ရောင်တောင်ရဲ့တောင်ခြေမှာ ရွာလေးတစ်ရွာရှိပါတယ်… အိုးလုပ်ငန်းလုပ်ကိုင်တဲ့ရွာလေးမှာ ရေရှားပါးလာပြီးတဲ့နောက် အရာရှိတွေဆီကိုစာပို့ပြီး အကူအညီတောင်းကြပါတော့တယ်… – (လင်ချွိုင်စံ) အရာရှိလင်ချွိုင်စံတစ်ယောက် တောင်နက်ရွာရဲ့ရေအခက်အခဲကိုဖြေရှင်းပေးဖို့ တောင်နက်ရွာကိုရောက်လာခဲ့ပါတယ်… ရေအရင်းအမြစ်ကိုရှာတွေ့နိုင်ဖို့အတွက် လမ်းပြရွာသားတစ်ယောက်ရယ် ရွာကထည့်ပေးလိုက်တဲ့ သတ္တိရှိတဲ့အကျဉ်းသားတချို့ရယ်နဲ့အတူ အနက်ရောင်တောင်ပေါ်ကိုတက်လာခဲ့ပြီးနောက် လေပြင်းတိုက်ခတ်မှုကြောင့် ဘုရားကျောင်းတစ်ခုထဲကိုဝင်ရောက် ခိုနားကြရာကနေ…

– ဇာတ်လမ်းကခုမှစမှာပါ…. – အရင်ဇာတ်လမ်းတွေမှာတော့ လင်ချွိုင်စံကို အခွန်စုစည်းတဲ့သူနဲ့ ကိုယ်ရင်ငယ် အဖြစ်မြင်ဖူးကြပါတယ်.
.. ဒီတစ်ခါတော့ တောင်နက်ရွာကို ရေရှာပေးတဲ့အရာရှိအဖြစ်မြင်ရမှာပါ… ယင်ချက်ဟာကတော့ ပုံမှန်အတိုင်း မကောင်းဆိုးဝါးဖမ်းဆီးတဲ့သူဆိုပေမယ့် မင်းသမီးရဲ့ချစ်သူအဖြစ်ပါပြောင်းလဲထားပါတယ်… မင်းသမီး Liu Yifei လေးကြည့်ရတာတော့တန်ပါတယ်… 2011 ခုနှစ်ရဲ့ပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ကားပေမယ့် အရင်ကားတွေလောက်တော့ အောင်မြင်မှုမရပါဘူး… ထုံစံအတိုင်း Fantasy, Horror ဆိုပေမယ့် Drama ဘက်ကိုပိုချိုးထားပါတယ်… IMDb Rating 5.7 ရထားပါတယ်… ကြည့်ပျော်ရှု့ပျော်နဲ့ အရင်ကတရုတ်သရဲကားမျိုးတွေလို martial art ဆန်ဆန်နဲ့ chinese ghost story တွေရဲ့ပုံစံအတိုင်းကြည့်ကောင်းတဲ့ကားတစ်ကားဆိုတာတော့သေချာပါတယ်…

Download And Watch With Pcloud Link Full HD

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Jean Nyi Ngal ပဲ ဖြစ်ပါတယ်)
*** Update From www.channelmyanmar.org
Share this article :

+ comments + 1 comments

October 14, 2017 at 11:31 AM

လင့် ပျက်နေတယ်

Post a Comment

Powered by Blogger.