Latest Movie :

Eragon (2006) မြန်မာစာတန်းထိုး


၂၀၀၆ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ သည်ဇာတ်ကားလေးဟာ ခုဆို ၁၀နှစ်ပြည့်ခဲ့ပါပြီ IMDb အနေနဲ့ 5.1ပဲရရှိခဲ့ပေမယ့် $75 million ပဲကုန်ကျခဲ့တဲ့ သည်ဇာတ်ကားဟာ ရုံတင်ချိန်မှာ $173.9 millionအထိဝင်ငွေရရှိခဲ့ပါတယ် တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် 249 million ဝင်ငွေရရှိခဲ့ပြီးလူကြိုက်များခဲ့တဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်
ဇာတ်လမ်းအကြောင်းကိုနဲနဲမိတ်ဆက်ပေးရရင်တော့ တစ်ချိန်က နဂါးစီးသူရဲကောင်းတွေ တရားမျှတစွာအုပ်ချုပ်ခဲ့တဲ့ အလီဂေးရှားဆိုတဲ့တိုင်းပြည်ကြီးမှာ အာဏာရှင်ဘုရင်တစ်ပါးဟာ နဂါးစီးသူရဲကောင်းတွေကိုသတ်ဖြတ်ပြီး တိုင်းပြည်ကြီးကို လက်ဝါးကြီးအုပ်ထားခဲ့ပါတယ် အဲ့ဒါကို ဘယ်လိုလူမျိုးတွေက ပြန်တော်လှန်ကြမလဲ ဘယ်လိုအဖြစ်အပျက်မျိုးတွေနဲ့ကြုံရမယ်ဆိုတာကတော့ ဇာတ်လမ်းမှာပဲ ဆက်ပြီးခံစားလိုက်ကြပါ သည်ဇာတ်လမ်းကိုတော်တော်များများလဲကြည့်ဖူးကြမှာပါ ဒါပေမယ့် လွန်ခဲ့တဲ့၁၀နှစ် လောက် ကျနော်တို့ကျောင်းသားဘဝကကြိုက်နှစ်သက်ခဲ့ရတဲ့ဇာတ်ကားကောင်းလေးဆိုတော့ ကြည့်ပြီးသူတွေလဲသိမ်းထားနိုင်အောင် မကြည့်ရသေးသူတွေလဲ ကြည့်နိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်
သည်ဇာတ်လမ်းထဲကနဂါးဟာ Game of throne ဇာတ်လမ်းတွဲထဲက နဂါးလောက်မခန့်ငြားပေမယ့် အသံကတော့ တော်တော်လေးဆွဲဆောင်မှူရှိကြောင်းကြိုပြောလိုက်ပါရစေ

Download And watch With Pcloud Link Full HD

Download And watch Pcloud Link Small File Size

(ဇာတ်ကားအညွန်းနဲ့ ဘာသာပြန်သူကတော့ Min Thet Oo ပဲ ဖြစ်ပါတယ်)
*** Update From www.channelmyanmar.org
Share this article :

Post a Comment

Powered by Blogger.