Latest Movie :

Swade (2004) မြန်မာစာတန်းထိုး



ပရိတ်သတ်ကြီးအတွက် ၂၀၀၄ ခုနှစ်မှာ ပြသခဲ့တဲ့ ကမ္ဘာကျော် ဘောလီးဝုဒ်မင်းသား ရှရွတ်ခမ်းပါဝင် သရုပ်ဆောင်ထားပြီး IMB rate 8.3 အထိရရှိထားတဲ့ ဇာတ်ကားကောင်းလေး တင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားဟာ Box office မှာ USD 5.1 million ရရှိခဲ့ပြီး Best Actor ဆုအပြင် အခြားဆုပေါင်း များစွာလည်း ရရှိခဲ့ပါတယ်
ဒီဇာတ်ကားမှာဆိုရင် ရှရွတ်ခမ်း(မိုဟန်) ဟာ USA မှာရှိတဲ့ NASA ရုံးချုပ်မှာ အလုပ်လုပ်ကိုင်နေတဲ့ engineer တစ်ဦးဖြစ်ပြီး India မှာရှိတဲ့ သူ့မိဘတွေဆုံးပါးသွားချိန်မှာ သူ့ကိုငယ်စဉ်ကတည်းက ထိန်းကျောင်းလာတဲ့ အထိန်းတော်ကြီးက India မှာရှိတဲ့ အိမ်ဟောင်းလေးမှာ ပြန်နေလိုတာကြောင့် ဒေလီကို ပြန်သွားခဲ့ပါတယ် မိုဟန်က သူ့ရဲ့အထိန်းတော်ကြီးကို ပြန်ခေါ်ဖို့အတွက် ဒေလီကိုလိုက်လာခဲ့ပေမယ့် သူမက ဇာတိဖြစ်တဲ့ရွာကိုပြန်သွားခဲ့တဲ့အတွက် ရွာထိလိုက်ခေါ်တဲ့အခါမှာ ငယ်သူငယ်ချင်းဖြစ်သူ ဂီတာဟာ အဲ့ဒီ့ရွာလေးမှာ စာသင်ကျောင်းဖွင့်ပြီး ကလေးတွေရဲ့ပညာရေးအတွက်ကြိုးစားပေနေတာကို တွေ့လိုက်ရပါတယ် ဂီတာရဲ့ရွာလေးအပြင် India အဝှမ်းမှာရှိတဲ့ ကျေးရွာတွေဟာ ပညာရေး ကျန်းမာရေး လူနေမှုအဆင့်အတန်းတွေ အားလုံးနိမ့်ကျနေတာကို စိတ်မကောင်းစရာတွေ့ရှိလိုက်ရတဲ့အချိန်မှာ မိုဟန်ဟာ သူ့အမိမြေတိုးတက်ဖွံ့ဖြိုးဖို့ ကူညီပေးမလား သူ့ရဲ့မူလဘဝဖြစ်တဲ့ NASA မှာပြန်ပီး တာဝန်ထမ်းမလား ဘယ်လိုဆုံးဖြတ်မလဲဆိုတာ ရှရွတ်ခမ်းရဲ့ပီပြင်လှတဲ့သရုပ်ဆောင်မှုတွေကို ကြည့်ရှုခံစားဖို့ လက်မလွှတ်သင့်တဲ့ ကားတစ်ကားဖြစ်ကြောင်း တင်ဆက်လိုက်ရပါတယ်..။



Credit To : www.goldchannelmovies.com
Translate by: Phyo Thant
Review by: ဆလတ်ရွက်
Encode by: Hein Min Htet





 
Share this article :

Post a Comment

Powered by Blogger.