အခု ဇာတ်ကားလေးကတော့ နာမည်ကြီး Studio Ghibli ကထွက်ရှိတဲ့ anime ကားဟောင်းလေးပဲဖြစ်ပါတယ် ..
A Wizard of Earthsea, The Tomb of Atuan, The Farthest Shore နောက်ပြီး Tehanu စတဲ့ ပုံပြင်အတိုလေးတွေကိုပေါင်းစည်းပြီး Tales From EarthSea လို့နာမည်တပ်ထားရတာပါ..
ဇာတ်လမ်းအကျဉ်းကတော့ Arren ဆိုတဲ့ ကောင်လေးရဲ့ အဖေက ဘုရင်ကြီးတစ်ပါးဖြစ်ပါတယ်
. Arren မှာသူ့ စိတ်ကထင်နေတဲ့ အကြောက်တရားရှိပါတယ်.. အဲ့အကြောက်တရားက သူ့ ရဲ့ ပုံရိပ် ပါပဲ... တစ်နည်းအားဖြင့် သူ့ ရဲ့စိတ်ကထင်တဲ့သူနဲ့ပုံစံတူပုံရိပ်တစ်ခုပါ အဲ့ဒိ ပုံရိပ်လေး က သူ့ ကိုကူညီချင်ပေမဲ့ သူက သူ့ ရဲ့ ပုံရိပ်လေးကိုမြင်တိုင်း ကြောက်ပြီးထွက်ပေးနေတတ်ပါတယ်. နောက်ပြီးသူ့ မှာ အကြောက်တရား တွေဖုံးပြီးအသိစိတ်လွတ်သွားတဲ့အခါတွေရှိပါတယ်.. အဲ့ အသိစိတ်လွတ်သွားတဲ့တစ်နေ့က သူ့ ရဲ့အဖေကို ပြန်သတ်ပြီး သူ့ အဖေဆီက ဓားကိုခိုးပြီးအိမ်ကထွက်ပြေးခဲ့ပါတယ် ဓားကပုံမှန်ရိုးရိုးဓားမဟူတ်ပါဘူး မှော်အတတ်နဲ့စီမံထားတဲ့ ဓားပါ Arren တို့မျိုးရိုးကသာ ဓားကို ဓားအိမ်ထဲကထုတ်နိုင်မှာဖြစ်ပါတယ်.. သူထွက်ပြေးရင်းနဲ့ မြေခွေးတွေလိုက်လို့အမြန်ပြေးခဲ့ရပါတယ် အဲ့မှာ Sparrowhawk ဆိုတဲ့ wizard ကသူ့ ကိုကယ်တင်ခဲ့ပါတယ်.. Sparrowhawk က Archmage Wizard ဖြစ်ပါတယ် Archmage ဆိုတာ အဲ့ဇာတ်ကားထဲမှာတော့ မှော်ဆရာတွေထဲမှာ အတော်ဆုံးလို့ဆိုလိုပါတယ်.. Arren ကိုသူနဲ့လိုက်ဖို့ဖိတ်ခေါ်ပြီး Hort မြို့တော်ကို ဆက်ပြီးသွားခဲ့ပါတယ် အဲ့ဒိမြို့မှာ Therru ဆိုတဲ့ကောင်မလေးကို ရန်သူတွေက ကျွန်အဖြစ်ဖမ်းနေတာတွေ့ လို့ Arren ကသွားကူညီခဲ့ပါတယ် Therru ဟာ witch တစ်ယောက်ပါ... အဲ့တာကို Arren ကမသိခဲ့ပါဘူး. နောက်တော့ Arren က သူ့ ကိုကယ်ပြီး ငှါးထားတဲ့ Hotel ကိုမပြန်တတ်လို့ အဲ့နားကလှေကားနားမှာအိပ်နေခဲ့ပါတယ် အိပ်နေရင်းပဲ သူ့ တိုက်ခိုက်ခဲ့တဲ့ ကျွန်ဖမ်းသမားတွေက ဖမ်းသွားပြန်ပါတယ် သ့း ကိုဖမ်းသွားတဲ့ လမ်းမှာပဲ Sparrowhawk ပြန်ကယ်တင်ခဲ့ပါလေရော... အဲ့လိုနဲ့ Sparrowhawk ရဲ့သူငယ်ချင်း Tenar တို့အိမ်မှာတည်းခဲ့ပါတယ် နောက်တစ်နေ့ Sparrowhawk မရှိတဲ့နေ့မှာ Arren က သူက Tenar တို့ကို ဒုက္ခပေးနေတယ်ထင်လို့ထွက်သွားပါတယ် အဲ့ဒီအချိန်မှာပဲ Tenar ကို Lord Cob ကဖမ်းခေါ်သွားပါတယ် Arren ကသူ့ ရဲ့ ပုံရိပ်ကိုကြောက်လို့ထွက်ပြေးရင်း Lord Cob ကဖမ်းသွားပြန်ပါရော.. Sparrowhawk လို့ကယ်တင်ဖို့သွားရင်းမှော်စွမ်းအားအလုံအလောက်မရှိလို့ အဖမ်းခံခဲ့ရပါတယ်.. အဲ့မှာ Therru ဟာ Arren ကို သူ့ ရဲ့ ဓားပြန်ပေးရင်း Lord cob နဲ့ တိုက်ကာ ဘယ်လိုဆက်ဖြစ်လာမလဲ.. Sparrowhawk သေမလားဆိုတာ ကြည့်ရှုခံစားကြရအောင်ဗျာ....
Credit To : www.goldchannelmovies.com
Review & Translate by: Thura Tun
Encode by: Hein Min Htet
Quality -720P Br-Rip
Size - 700MB
Post a Comment