Latest Movie :

Buried (2010) မြန်မာစာတမ်းထိုး



 Buried (2010) မြန်မာစာတမ်းထိုး

*************************************

မင်္ဂလာပါ၊ Ryan Reynolds ဒါမှမဟုတ် deadpool ရဲ့ fans တွေအတွက် Movie ခပ်မိုက်မိုက်လေးတစ်ခု တင်ပေးလိုက်ပါပြီခင်ဗျ။ ပြီးခဲ့တဲ့နှစ်က Oscar ဆွတ်ခူးသွားတဲ့ The Room (2015) လိုမျိုး.. ၊ 10 Cloverfield lane လို movie မျိုး.. ကြိုက်တတ်တယ်ဆိုရင် Buried က မလွဲမသွေ ကြည့်ရှုရမယ့်ဇါတ်ကားလို့ညွှန်းဆိုချင်ပါတယ်။

လူတွေရဲ့ အိပ်မက်တွေထဲမှာ ရံဖန်ရံခါ မက်တတ်တဲ့ အိပ်မက်ဆိုးတွေထဲက အဖြစ်မျိုး အပြင်လက်ရှိလောကမှာလဲ ဖြစ်နိုင်တယ် ဖြစ်တတ်တယ်ဆိုတာ..Director Rodrigo Cortés က ပုံဖေါ်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။

တကယ်လို့ ကျွန်တော်တို့တွေ ကိုယ်မသိဘဲ အရှင်လတ်လတ် မြေမြှုပ်ခံလိုက်ရတယ်ဆိုရင်. ဘယ်လောက်တောင် သွေးပျက်ခြောက်ခြားစရာကောင်းနေမလဲ... ကိုယ် သတိမေ့ရာက စိတ်ပြန်လည်လာတဲ့အချိန်မှာ.. ပိန်းပိတ်အောင်မှောင်နေတဲ့ အမှောင်ထုနဲ့ ကိုယ်ပဲရှိမယ်. အသက်ရှုဖို့ လေနည်းနည်းပဲရှိနေမယ် ဆိုရင် ကျွန်တော်တို့ဘယ်ကနေစပြီး ဘယ်လို ဒီအခြေအနေကို တုံ့ပြန်မလဲ ဆိုတာ.. ဒီဇါတ်လမ်းလေးနဲ့ ယှဉ်ထိုးပြီး ဆုံးဖြတ်ကြည့်နိုင်ပါတယ်။

အီရတ်နိုင်ငံရောက် U.S ကားမောင်းသမား Paul ဟာ သူ့ရဲ့

ယာဉ်တန်းကို အီရတ်လက်နက်ကိုင်တစ်စုက အကြမ်းဖက်တာခံရပြီးတဲ့နောက်

သတိလစ်မေ့မျောသွားခဲ့ပါတယ်။ သူ ပြန်လည်သတိရလာချိန်မှာ

အီရတ်မြေအောက်က ခေါင်းတလားတစ်ခုထဲမှာ သူ့ကို မြှုပ်နှံခဲ့ကြပြီဆိုတာ...

သိရှီလိုက်ရတဲ့နောက်ပိုင်း.. အားကိုးစရာ ဖုန်းတစ်လုံး မီးခြစ်တစ်လုံးနဲ့ ကျွန်တော်တို့ဆိုရင် သွေးပျက် အသည်းငယ်နေမယ့်အချိန်မျိုးမှာ .. သူဘယ်လို ရင်ဆိုင်ရုန်းထွက်ပြမလဲ ဆိုတာ မျှော်လင့်ချက်မဲ့နေတဲ့ လူတစ်ယောက်အတွက် ဘယ်အရာက အရေးကြီးသလဲဆိုတာ ဇာတ်လမ်းကို ကြည့်ရှုရင်း ခြောက်ခြားစရာ သတိထားမိကြမှာပါ။

[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]

Credit To : www.goldchannelmovies.com

Review by: Gemini Sugar
Translate by: Chit Mee
Enocde by: Hein Min Htet
Quality 720P HD
Size 680MB




Share this article :

+ comments + 3 comments

August 4, 2018 at 9:56 PM

Can not download .

August 7, 2018 at 1:16 AM

Thank you admin Now i download Buried movie .

October 21, 2018 at 6:55 AM

cant download,.ကူညီဘာအုးံ Admin ရယ်.

Post a Comment

Powered by Blogger.