Latest Movie :

Maigret Sets a Trap (2016) - မြန်မာစာတန်းထိုး

ရုပ်ရှင်ပရိတ်သတ်ကြီး အတွက် IMDB မှာ Rating 8.7/10 ရရှိထားတဲ့ Maigret Sets A Trap ဆိုတဲ့ ရုပ်ရှင်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်

ပထမဆုံး မိတ်ဆက်ပေးချင်တာက အဓိကဇာတ်ကောင် စုံထောက်ကြီး Maigret နေရာမှာ သရုပ်ဆောင်တဲ့Rowan Atkinson (တစ်ကမ္ဘာလုံး Mr.Bean လို့သိထားတဲ့ ဟာသအကျော်အမော်ကြီး) ဖြစ်ပါတယ်...

www.dailymail.co.uk မှာဖော်ပြထားတာကတော့ ဒီ စုံထောက်ဇာတ်ကောင်နေရာမှာ Mr.Bean သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး အသေးစိတ်ကအစ ပြောထားပါတယ်..... Mr.Bean ရဲ့ အသံ .. မျက်ခုံး ... အမူအရာ တွေက ..စုံထောက်ကြီး Maigret ဇာတ်ကောင်အတွက် အသင့်တော်ဆုံးဖြစ်ကြောင်း ထောက်ပြထားပါတယ်.....ကျွန်တော်ကိုယ်တိုင်လည်း ဒီဇာတ်ကားကို မကြည့်ခင်တုန်းက...ဘယ်လိုအမူအရာမျိုးကြီးဖြစ်မလဲ ထင်ခဲ့ပေမယ့်....ကြည့်ပြီးသွားတဲ့ အခါ...သိလိုက်ရတာက....Mr.Bean ဆိုတာကိုမေ့သွားလောက်တဲ့ တည်ငြိမ်တဲ့ အမူအရာပါပဲ...

Comedian တစ်ယောက်ရဲ့အနုပညာဖန်တီးမှုဟာ ဘယ်လောက်ထိ နက်ရှိုင်းကြောင်း သိလိုက်ရပါတယ်။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ အမျိုးသမီး ၄ ဦး အသတ်ခံရတဲ့အမှုကနေ အစပြုထားပါတယ်....ဒီ ကွင်းဆက်လူသတ်သမားကို ဖမ်းမိဖို့အတွက် တာဝန်အရှိဆုံးသူမှာ စုံထောက်အဖွဲ့ရဲ့အကြီးအကဲ Maigret ပေါ်မှာ ခေါင်းပုံကျနေပါတယ်....Rowan Atkinson (Mr.Bean) က ဇာတ်လမ်းစဖွင့်ကတည်း အကျပ်အတည်းကြားထဲ   ရောက်နေတာပါ... ဆေးတံကြီးခဲပြီး..အမှုဖြစ်စဉ်တစ်ခုလုံးကို သုံးသပ်နေတာပါ

(James Bond နဲ့ မာတီနီ အရက် တွဲထားသလို....စုံထောက်နဲ့ ဆေးတံကလည်း လိုက်ဖတ်သဗျ :P)

မီဒီယာတွေရဲ့ထိုးနှက်မှုတွေကို ပြန်အသုံးချပုံတွေ....
ထောင်ချောက်ဆင်ပြီး လူသတ်သမားရဲ့စိတ်ကို ဆွပေးပုံတွေ...
သဲလွန်စအသေးအဖွဲ့လေးကနေ အမှုကြီးတစ်ခုလုံးဖော်ထုတ်သွားပုံတွေ....
လူသတ်သမားရဲ့စိတ်နေစိတ်ထားကို အကဲခတ်ပြီး...ဘာကြောင့် လူသတ်ရသလဲဆိုတဲ့ အကြောင်းအရင်း... ကို စိတ်ဝင်စားဖွယ်ရှုစားရမှာပါ။

ဒီဇာတ်လမ်းကို ကြည့်တဲ့အချိန်မှာ အကြံပြုလိုတာကတော့.....စုံထောက်ကြီး Maigret နဲ့အတူ အမှုအသွားအလာကို ဆင်ခြင်ရင်း...အမှုမှန်ပေါ်အောင် ဖော်ကြည့်ဖို့ပါပဲ...
Maigret ရဲ့အယူအဆနဲ့ ကိုယ်စဉ်းစားမိတာချင်း တူတာပဲဖြစ်ဖြစ် ..မတူတာပဲဖြစ်ဖြစ်     သင့်မှာလည်း   ထက်မြတ်တဲ့  စုံထောက်ဥာဏ်ရှိကြောင်း...အံ့သြဖွယ်တွေ့ရှိရမှာပါ။

1h:27mins ကြာမြင့်တဲ့ဇာတ်ကားကို ဖိုင်ဆိုဒ်နှစ်မျိုးတင်ပေးထားပါတယ်။ အောက်ပါလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။
ရုပ်ရှင်အညွှန်း- R!B (Flim2mm.com)
 Credit To : Flim2mm.com






Share this article :

Post a Comment

Powered by Blogger.