Latest Movie :

Sarbjit (2016) - မြန်မာစာတန်းထိုး

သတိ ယခု တင်ထားသော ဇာတ်ကားကြည့်ရင်း မျက်ရည်မကျပါစေနှင့်....

ဆာရာဂျစ် ဆိုသော အိန္ဒိယနယ်စပ်ရွာမှ သူတဦးဟာ အရက်မူးကာ ပါကစ္စတန် နယ်ထဲသိုဝင်ရောက်မိရာကနေ အဖမ်းခံရပါတယ်။ ကံဆိုးချင်တော့ သူ့ကို အကြမ်းဖက်သမားဟု စွပ်စွဲကာ ထောင်ထဲပို့လိုက်ကြပါတော့တယ်။
သူအဖမ်းခံရချိန်တွင် အဖေဖြစ်သူ၊ ဇနီး ၊ သမီးနှစ်ယောက် နှင့်အတူ သူ့ရဲ့ညီမ ဒယ်လာတို့ ကျန်ရစ်ခဲ့ပါတယ်။  သူ့အစ်ကိုကိုမှားယွင်းစွပ်စွဲကြောင်း သိနေတဲ့ဒယ်လာဟာ သူ့အစ်ကို လွတ်ဖို့အရေးကို ရေကုန်ရေခန်းကြိုးစားပါတော့တယ်။ သူ့ရဲ့ကြိုးစားမှုဟာ နိုင်ငံတော်အဆင့်ထိရောက်ခဲ့ပါတယ်။ မိသားစုနဲ့ အစ်ကိုတွေ့နိုင်အောင်လည်း ကြိုးစားခဲ့ပါတယ်။ စိတ်ဓါတ်ပြင်းတဲ့ အမျိုးသမီးတယောက်အနေနဲ့ သူ့အစ်ကိုကို လွတ်အောင်ဘယ်လိုများ စွမ်းဆောင်မှာလဲ အောင်မြင်မှာလား ဆိုတာကိုတော့...

ဖြစ်ရပ်မှန်ကို အခြေုပုပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတပုဒ်ပါ။  အိန္ဒိယ ပါကစ္စတန်နှစ်နိုင်ငံ ရဲ့ တင်းမာမှုအခြေအနေတွေကိုလည်း တွေ့မြင်ရမှာပါ။ ခါးသီးစရာကောင်းတဲ့ အမုန်းတွေကိုလည်း ဒီကားထဲမှာ တွေ့မြင်ရမှာပါ။ အမျိုးသမီးယောက်အနေနဲ့ ဘယ်လောက်ထိစွမ်းဆောင်နိုင်သလဲဆိုတာကိုလဲ တွေ့မြင်ရဦးမှာပါ။
 ပျော်ရွှင်စရာဇာတ်ကားတော့ မဟုတ်ပါဘူး။ အခန့်မသင့်ရင် မျက်ရည်တွေဘာတွေ ထွက်သွားနိုင်ပါတယ်။

DVD rip ဖြစ်ပြီး ဘာသာပြန်သူကတော့ linnthura1988@gmail.com ဖြစ်ပါတယ်။
Credit To : Flim2mm.com
IMDB 7.3 အထိရရှိထားပြီး 2h:11mins ကြာမြင့်ပါတယ်။ 842 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။


Share this article :

Post a Comment

Powered by Blogger.