Latest Movie :

The Red Turtle (2016) - မြန်မာစာတန်းထိုး

The Red Turtle (2016)
IMDb : 7/10
Rotten Tomatoes : 90%

Spirited Away, My Neighbour Totoro အစရှိတဲ့ ရုပ်ရှင်များနှင့် နာမည်ကြီးခဲ့တဲ့ Studio Ghibli ဟာ 2016 မှာ ထူးခြားမှုများစွာနဲ့ တစ်ကျော့ပြန်လာပါပြီ။ The Red Turtle ဟာ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ Special Jury Prize ကို ဆွတ်ခူးရရှိခဲ့ပြီး ဝေဖန်ရေးဆရာများအကြိုက်တွေ့ခဲ့လို့ Metacritic မှာဆို 92% ထိ rating မြင့်နေပါတယ်။ ထူးခြားတာက ဒီတစ်ခေါက်မှာ ဂျပန်ကာတွန်းဆရာများလုံးဝမပါဘဲ ပြင်သစ်ဒါရိုက်တာ Micheal Dudok de Wit နဲ့ လက်တွဲထားတာ ဖြစ်ပါတယ်။ အပြာရောင်သုံးနေကျ Studio Ghibli ရဲ့ logo ကိုကအစ အနီရောင်ပြောင်းသုံးထားတာကလည်း တစ်မျိုးဆန်းနေသလို ခံစားရမှာပါ။ The Red Turtle ဟာ ခါတိုင်းလို စကားတွေ အများကြီးပြောပြီး ဇာတ်ကို ဆွဲယူသွားမှာ မဟုတ်ဘဲ ဇာတ်လမ်းထဲမှာ တငြိမ့်ငြိမ့်လေး မျောပါသွားစေမှာ ဖြစ်ပါတယ်။ ဇာတ်ကားထဲက ရိုးရှင်းလှပတဲ့ နောက်ခံပန်းချီကားတွေ တီးလုံးတွေကြောင့် သိမ်မွေ့လှပတဲ့ နတ်သမီးပုံပြင်လေးဟာ စိတ်ဝင်စားစရာအပြည့်နဲ့ သင့်ကို အဆုံးတိုင် ဆွဲခေါ်သွားမှာပါ။ ဇာတ်လမ်းအကျဉ်းကို လုံးဝ မပြောပြချင်တဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ Studio Ghibli ရဲ့ အံ့အားသင့်စရာ ပြောင်းလဲမှုတွေကို ပရိသတ်တွေကို ကိုယ်တိုင်တွေ့ကြုံခံစားကြည့်စေချင်လို့ပါ။ အစဉ်အလာကြီးမားတဲ့ ကိန်းစ် ရုပ်ရှင်ပွဲတော်မှာ ထူးထူးခြားခြား အောင်ပွဲခံနိုင်ခဲ့တယ်ဆိုကတည်းက လုံးဝ လက်မလွှတ်သင့်တဲ့ ဇာတ်ကားမှန်း သိသင့်နေပါပြီ။ ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့စေခဲ့တဲ့ အထူးခြားဆုံးအချက်ကတော့ ဇာတ်လမ်းပြီးသွားတဲ့ အချိန်မှာ ခံစားရတဲ့  ခံစားမှုက အသက်အရွယ်၊ နေရာဒေသ၊ လက်ရှိခံစားချက်ပေါ်မူတည်ပြီး တစ်ချိန်တည်း အတူတူကြည့်နေတဲ့သူတွေကို တစ်ယောက်တစ်မျိုးခံစားရစေခြင်းပါတဲ့။ သူပြောတဲ့ အဓိပ္ပါယ်က ဒီဇာတ်လမ်းဟာ ပျော်ရွှင်နေတဲ့အချိန်မှာ ကြည့်မိရင် ပိုဝမ်းသာကြည်နူးမိစေမှာ ဖြစ်ပြီး ၀မ်းနည်းတဲ့အချိန်မှာ ကြည့်မိရင်တော့ ပိုဝမ်းနည်းမိမှာပါတဲ့။  ကဲ ဘယ်လောက်များ ဆန်းကြယ်တဲ့ နတ်သမီးပုံပြင်လေးလဲဗျာ။

Credit To : www.goldchannelmovies.com
Reviewed and Presented by Waiyan Philip
Quality Br-Rip
Size -578MB


Share this article :

Post a Comment

Powered by Blogger.