Latest Movie :
Recent Movies

Call Of Hero (2016) မြန်မာစာတန်းထိုး


မင်္ဂလာပါခင်ဗျ။
တစ်ချိန်ကမြန်မာ့အသံ၊ မြ၀တီရုပ်မြင်သံကြားဖန်သားပြင်ပေါ် နေရာယူခဲ့သော တရုပ် Martial Arts သိုင်းရုပ်ရှင်ကားတွေနဲ့ ပရိသတ်တွေ မစိမ်းသွားသေးဘူးလို့ ထင်ပါတယ်။ ဒီလို Martial Arts သိုင်းကားတွေထဲကမှ ယခု ၂၀၁၆ သြဂုတ်လ လဆန်းပိုင်းတွင် ရုံတင်ပြသခဲ့သော ရုပ်ရှင်တစ်ကားဖြင့် ယနေ့ ပရိသတ်ကြီးကို မိတ်ဆက်ပေးပါရစေ။
မတရားမှုတွေကို မနှစ်မြို့တဲ့ Eddie Peng နဲ့ ကိုယ်ကောင်းဖို့အတွက် ဘာမဆိုလုပ်တဲ့ Wu Jing၊ အခင်ဆုံးသူငယ်ချင်းနှစ်ယောက်။ တစ်ယောက်က တရုပ်ပြည်နယ်မြေတော်တော်များများကို မတရားလိုက်
လံသိမ်းပိုက်နေတဲ့ General Cao Ying ရဲ့စစ်သေနာပတိ၊ နောက်တစ်ယောက်က မတရားမှုတွေကို မနေတတ်သလိုလိုက်လံဖြေရှင်းပေးနေတဲ့ သာမန်အရပ်သား။
တစ်နေ့ General Cao Ying ရဲ့သားဖြစ်သူ Junior Commandant Cao ဟာ Eddie Peng နေထိုင်ရာ ရွာသို့ရောက်ရှိလာပြီး လူသတ်မှုကျူးလွန်ခဲ့ပါတယ်။ ထိုကိစ္စနဲ့ပတ်သက်ပြီး ရွာရဲ့အကြီးအကဲဖြစ်သူ
Lau Ching-Wan ဟာ Junior Commandant Cao ကို သတ်မိန့်ချခဲ့ပါတယ်။ အဲ့ဒီအချိန် General Cao ရဲ့စစ်သေနာပတိ၊ Eddie Peng ရဲ့အခင်ဆုံးသူငယ်ချင်းဖြစ်သူဟာ သူ့ရဲ့ရာထူး နေရာ တည်မြဲနိုင်ဖို့
အတွက် မတရားမှုများကိုနှစ်သက်သော General Cao ရဲ့သားဖြစ်သူ Junior Commandant Cao ကိုကယ်တင်ဖို့ ရောက်ရှိလာပါတယ်။ အဲ့ဒီအချိန်မှာ မတရားမှုကို မနှစ်သက်တဲ့ Eddie Peng နဲ့ တစ်ကိုယ်ကောင်းဆန်တတ်တဲ့ Wu Jing အခင်ဆုံးသူငယ်ချင်းနှစ်ယောက် ပြန်လည်တွေ့ကြသောအခါ ...
ကဲဘာတွေဆက်ဖြစ်မယ်ဆိုတာကို ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ခံစားကြည့်ရှုကြပါတော့ :D ဇာတ်လမ်းနမူနာအဖြစ် Vertex Cinema မှ ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရသလို Full HD ရုပ်သံအကြည် ကြည့်ရှုလိုသောသူများအတွက်လည်း တိုက်ရိုက်ကြည့်နိုင်ရန် လင့်ခ်ကို ဖော်ပြပေးလိုက်ရပါတယ်။

Credit To : www.goldchannelmovies.com
Review Credit to-Vertex Page
Translate by:Yair Man Aung
Encode by: Hein Min Htet
Quality -Bluray Rip
Size 880MB


Headhunters(2012) မြန်မာစာတန်းထိုး



Thriller/Action
IMDb (7.6/10)
Rotten Tomatoes (92%)
မင်္ဂလာပါ ပရိတ်သတ်ကြီးခင်ဗျာ...ကျွန်တော်တို့ ပရိတ်သတ်ကြီးအတွက် ဇာတ်လမ်းကောင်းများကို မရိုးတမ်း တင်ဆက်ပေးရင်း ယခုအခါမှာတော့ Headhunters ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျ။
ဒီကားလေးဟာ Director(Morten Tyldum) ရိုက်ကူးခဲ့တာဖြစ်ပြီး Thrillerနဲ့Action အရောလေး အမျိုးအစားလေးပဲ ဖြစ်ပါတယ်ခင်ဗျာ။IMDb (7.6/10)ရရှိထားပြီး Empire Award For Best Thriller ဆုကိုရရှိထားတဲ့အပြင်Best International Film မှာလဲ the Saturn Awards ဆုကို အနိုင်ရရှိထားသောကြောင့် ဇာတ်လမ်းကောင်းဆိုတာ ညွှန်းနေဖို့တောင် မလိုပါဘူးခင်ဗျာ။
ဇာတ်လမ်းလေးကတော့....
ရော်ဂျာ ဘရောင်း(Aksel Heennie)ဟာ နော်ဝေးနိုင်ငံရဲ့အင်းအားအကြီးဆုံး တစ်ခုဖြစ်တဲ့ Pathfinder ကုမ္ပဏီရဲ့ လူရည်ချွန်တွေကို စိစစ် ခန့်ထားပေးတဲ့နေရာက ဘောစိတစ်ယောက် ဖြစ်ပါတယ်။ဘောစိဖြစ်ရခြင်း အကြောင်းကတော့ ဒီလုပ်ငန်းရဲ့နောက်ကွယ်မှာ သူကပန်းချီကား သူခိုးတစ်ယောက်ဖြစ်နေလို့ပါပဲ။သူရဲ့ ဖောက်ထွင်းမှု ကိုတော့ အိမ်တွင်းလုံခြုံရေး နည်းပညာဌာနက အိုဗွီ ကေဂျီကီရု ကထောက်ပံ့ပေးပါတယ်။လော်တီ(Julie Ølgaard)ဟာ ရော်ဂျာရဲ့ အဆက်ဟောင်းဖြစ်ပြီး ရော်ဂျာက သူနဲ့မဆက်သွယ်ဖို့် ခါးခါးသီးသီး ငြင်းပယ်ခံထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။
ရော်ဂျာရှာသမျှဟာ သူ့ချစ်ဇနီးဒိုင်ယာနာ(Synnøve Macody Lund) အတွက်ကြီးပဲ ဖြစ်ပါတယ်။ဒိုင်ယာနာ အတွက် ပန်းချီပြခန်းကိုလည်း သူကိုယ်တိုင်ပဲဖွင့်ပေး ခဲ့ပါတယ်။ဒိုင်ယာနာဟာ သူမရဲ့ပန်းချီပြခန်း ဖွင့်ပွဲညမှာတော့ သူခင်ပွန်းရော်ဂျာကို လူတစ်ယောက်နဲ့ မိတ်ဆက် ပေးခဲ့ပါတယ်။အဲ့ဒီကတော့ ကလက် ဂါဗွီ(Nikolaj Coster-Waldau)ဖြစ်ပြီး H.O.T.E ဆိုတဲ့ GPS နဲ့ဆိုင်တဲ့ ထောက်လှမ်းရေးပစ္စည်းထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ဝန်ထမ်းဟောင်း ဖြစ်ပါတယ်။ရော်ဂျာ ဟာ ကလက်ကို Pathfinder အတွက် အလုပ်ရွေးချယ်ဖို့် ကမ်းလှမ်းခဲ့ပါတယ်။ ကလက်ဟာ Pathfinder ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတဲ့အခါ ရော်ဂျာအတွက် ကြီးမားတဲ့ ပြဿနာတွေ နဲ့ အသက်ဘေးအထိပါ ကျရောက် လာတဲ့အချိန်မှာတော့ ရော်ဂျာတစ်ယောက် အသက်ရှင်ဖို့အတွက် ဘယ်လိုကြိုးစားရုန်းကန်မလဲ ဆိုတာကို ဆက်လက်အားပေးပါအုံး ခင်ဗျာ။
(18+ နှစ်ခန်းပါသောကြောင့် မိသားစုဖြင့် ကြည့်လျှင် ရစ်ကြည့်ပါ)
Credit To : www.goldchannelmovies.com
Review By:Kelvin Aung
Translate by: Kelvin Aung
Encoded By:Hein Min Htet
Quality Web DL
Size - 700MB


A Stranger in Paradise (2013) - မြန်မာစာတန်းထိုး


နယူးယောက်မြို့ ဘဏ်ရင်းနှီးမြှုပ်နှံမှုအလုပ်မှာ အလုပ်ကောင်းရထားတဲ့ ဂျော့ခ်ျဟာ သူ့ရဲ့သူဋ္ဌေး အထူးအစီအစဉ်အနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မှာရှိတဲ့ ကလပ်ပိုင်ရှင် သူ့အစ်ကို ပေါလ်ဆီကို အလည်အပါတ်သွားဖြစ်ပါတယ်။ အဲ့ဒီကိုရောက်ပြီးမှပဲ ဘန်ကောက်ကသြဇာကြီးတဲ့ မာဖီးယားဂိုဏ်နဲ့ သူ့ရဲ့သူဋ္ဌေး၊ သူ့အစ်ကိုပေါလ်တို့ဖြစ်တဲ့ ပြသနာတခုမှာ သူကကြားညှပ်ဆိုတာကိုသိပေမယ့် နောက်ကျသွားပါပြီ၊ မာဖီးယားတွေရဲ့လက်က လွတ်အောင်ဘယ်လိုတွေလုပ်ဆောင်မလဲ၊ ရဲတွေနဲ့ဘယ်လိုရှင်းမလဲဆိုတာကိုတော့.....

Credit To : Flim2mm.com
[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Thriller
[FILE SIZE]:……………………….:[ 810 MB
[RESOLUTION]:………………….:[ 1280x720
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 23mins
[iMDB RATING]:……………………..:[ 4.8/10


White Girl (2016) 18+မြန်မာစာတန်းထိုး


ဒီဇာတ်လမ်းလေးကတော့ ဆေးစွဲနေတဲ့ကောင်မလေးတစ်ယောက်နဲ့ဆေးခြောက်ရောင်းတဲ့ ကောင်လေးတို့နှစ်ယောက်အကြားက အချစ်ဇာတ်လမ်းလေး တစ်ပုဒ်ဖြစ်ပါတယ်။
ဆေးခြောက်ကို ဖြတ်မရအောင် အင်မတန်စွဲလမ်းနေတဲ့ leah ဟာ ဆေးခြောက်ရဖို့အတွက်ဆို ရရာနည်းလမ်းနဲ့ ဘာမဆိုလုပ်တတ်သူပါ။ ဒီလိုနဲ့ ဆေးခြောက်ဝယ်ဖို့စုံစမ်းရင်း blue ဆိုတဲ့ကောင်လေးနဲ့သိကျွမ်းခဲ့ပါတယ်။ blue ဆီမှာ ဆေးခြောက်မှုန့် တွေ ရှိတာသိတော့  leah က Chinatown က ကလပ်တခုမှာ သွားရောင်းဖို့ အကြံပေးပါတယ်။ အဲဒီလိုနဲ့ အချိန်တွေကြာတဲ့အခါမှာ blue နဲ့ leah တို့  ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ လူသားပီပီ လောဘတက်ပြီး ငွေနောက်လိုက်ကာ အမှန်တရားကိုမမြင်တဲ့ blue တစ်ယောက် Lyold ဆိုတဲ့လူဆီမှာ ဆေးခြောက်ထပ်သွားယူပြီးရာင်းဖို့  စီစဉ်နေတုန်းမှာပဲအဖမ်းခံခဲ့ရပါတယ်။ တတိယအကြိမ်မြောက် အဖမ်းခံရတဲ့ blue က ကောင်မလေးကြောင့် ထွက်ပြေးဖို့  မကြိုးစားခဲ့ပါဘူးး။ leah ဟာ သူ့ကောင်လေး ထောင်မကျစေရန် ရှေ့နေစရိတ်ကိုလည်းရှာပေးခဲ့ပါတယ်။ ကံမကောင်းချင်တော့ leah ရဲ့ သူဌေး က သူရှာဖွေထားတဲ့ ပိုက်ဆံတွေကို ဆေးခြောက်သုံးပြီး leah ဆီက အမြတ်ထုတ်ယူလိုက်တဲ့အခါ leah တစ်ယောက် blue လွတ်မြောက်ရန် ဘယ်လိုကြိုးစားမလဲ blue ရဲ့ အချစ်တွေကြောင့် leah ဘယ်လိုပြောင်းလဲသွားလဲဆိုတာကိုတော့ ဒီဇာတ်ကားလေးထဲမှာ Gold Channel ပရိသတ်များဆက်လက်စောင့်ကြည့်ရမှာပါ ။

Credit To : www.goldchannelmovies.com
Translate & Review by: SATHA
Encode by: Hein Min Htet
Quality - 720P HD
Size -  660MB


Sarbjit (2016) - မြန်မာစာတန်းထိုး

သတိ ယခု တင်ထားသော ဇာတ်ကားကြည့်ရင်း မျက်ရည်မကျပါစေနှင့်....

ဆာရာဂျစ် ဆိုသော အိန္ဒိယနယ်စပ်ရွာမှ သူတဦးဟာ အရက်မူးကာ ပါကစ္စတန် နယ်ထဲသိုဝင်ရောက်မိရာကနေ အဖမ်းခံရပါတယ်။ ကံဆိုးချင်တော့ သူ့ကို အကြမ်းဖက်သမားဟု စွပ်စွဲကာ ထောင်ထဲပို့လိုက်ကြပါတော့တယ်။
သူအဖမ်းခံရချိန်တွင် အဖေဖြစ်သူ၊ ဇနီး ၊ သမီးနှစ်ယောက် နှင့်အတူ သူ့ရဲ့ညီမ ဒယ်လာတို့ ကျန်ရစ်ခဲ့ပါတယ်။  သူ့အစ်ကိုကိုမှားယွင်းစွပ်စွဲကြောင်း သိနေတဲ့ဒယ်လာဟာ သူ့အစ်ကို လွတ်ဖို့အရေးကို ရေကုန်ရေခန်းကြိုးစားပါတော့တယ်။ သူ့ရဲ့ကြိုးစားမှုဟာ နိုင်ငံတော်အဆင့်ထိရောက်ခဲ့ပါတယ်။ မိသားစုနဲ့ အစ်ကိုတွေ့နိုင်အောင်လည်း ကြိုးစားခဲ့ပါတယ်။ စိတ်ဓါတ်ပြင်းတဲ့ အမျိုးသမီးတယောက်အနေနဲ့ သူ့အစ်ကိုကို လွတ်အောင်ဘယ်လိုများ စွမ်းဆောင်မှာလဲ အောင်မြင်မှာလား ဆိုတာကိုတော့...

ဖြစ်ရပ်မှန်ကို အခြေုပုပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတပုဒ်ပါ။  အိန္ဒိယ ပါကစ္စတန်နှစ်နိုင်ငံ ရဲ့ တင်းမာမှုအခြေအနေတွေကိုလည်း တွေ့မြင်ရမှာပါ။ ခါးသီးစရာကောင်းတဲ့ အမုန်းတွေကိုလည်း ဒီကားထဲမှာ တွေ့မြင်ရမှာပါ။ အမျိုးသမီးယောက်အနေနဲ့ ဘယ်လောက်ထိစွမ်းဆောင်နိုင်သလဲဆိုတာကိုလဲ တွေ့မြင်ရဦးမှာပါ။
 ပျော်ရွှင်စရာဇာတ်ကားတော့ မဟုတ်ပါဘူး။ အခန့်မသင့်ရင် မျက်ရည်တွေဘာတွေ ထွက်သွားနိုင်ပါတယ်။

DVD rip ဖြစ်ပြီး ဘာသာပြန်သူကတော့ linnthura1988@gmail.com ဖြစ်ပါတယ်။
Credit To : Flim2mm.com
IMDB 7.3 အထိရရှိထားပြီး 2h:11mins ကြာမြင့်ပါတယ်။ 842 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။


Pet (2016) မြန်မာစာတန်းထိုး




Sethဟာ တိရိစ္ဆာန်​​စောင့်​​ရှောက်​​ရေး​ဂေဟာက ၀န်​ထမ်းတစ်​​ယောက်​ဖြစ်​ပါတယ်
တစ်​ခု​သော​နေ့လည်​ခင်းမှာ​တော့ Sethက အမျိုးသမီးတစ်​​​ယောက်​ကို ဘတ်​စ်​ကားပေါ်မှာ​တွေ့ခဲ့ပါတယ်
အဲ့ဒီအမျိုးသမီး​က​တော့ Sethအထက်​တန်း​ကျောင်းတုန်းက တစ်​ဖက်​သတ်​ချစ်ခဲ့ရတဲ့ Hollyဆိုတဲ့မိန်းက​လေးဖြစ်​ပါတယ်
ခုအချိန်​မှာ စားပွဲထိုးမ​လေးဖြစ်​​နေတဲ့Hollyကို ချစ်​စကားကြိုက်​စကား​ပြောဖို့ အကြိမ်​​ပေါင်များစွာကြိုးစား​ပေမယ့်​ မ​အောင်​မြင်​ခဲ့ပါဘူး
ဒါ​ကြောင့်​ သူအလုပ်​လုပ်​တဲ့​ဂေဟာက ​လှောင်​အိမ်​ထဲမှာ Hollyကိုဖမ်းချုပ်​ထည့်​ထားဖို့ Sethက ဆုံးဖြတ်​ခဲ့ပါတယ်
Sethက ​လှောင်​အိမ်​ကို ​ဂေဟာရဲ့အလုံခြုံဆုံး​နေရာမှာ ထားထားပါတယ်
အထီးကျန်​သမားSethဟာ သူတစ်​ဖက်​သတ်​သ​​ဘောကျရတဲ့မိန်းက​လေးကို ဘာ​ကြောင့်​များ ​လှောင်​အိမ်​ထဲ ဖမ်းထည့်​ထားရတာပါလိမ့်
အတွင်းခံ​လောက်​သာဝတ်​ထားရတဲ့Hollyကို  ​လှောင်​အိမ်​ထဲထည့်​ထားရခြင်းဟာ သူမကိုကယ်​တင်​ဖို့အတွက်​ပါလို့ ဘာ​ကြောင့်​​ပြောရတာပါလိမ့်​ဆိုတာ....
ဇာတ်​လမ်းထဲမှာ ဆက်​လက်​ရှုစားကြပါကုန်

Credit To : www.goldchannelmovies.com
Translate by: Yee Mon Khaing
Encode by: Hein Min Htet
Size 670MB
Quality - Web-DL


Final Fantasy VII: Advent Children (2005) မြန်မာစာတန်းထိုး


IMDb(7.4/10)
မင်္ဂလာပါခင်ဗျာ...ဒီတစ်ခါတော့ ပရိတ်သတ်ကြီးအတွက်
Animation ကားဟောင်းလေး ဖြစ်တဲ့ Final Fantasy VII: Advent Children နဲ့မိတ်ဆက်ပေးချင်ပါတယ်။ စထွက်ထွက်ချင်း ရေပန်းစားခဲ့တဲ့ ကားလေး ဆိုလည်း မမှားပါဘူး။
 ဒီကားလေးဟာဆိုရင်ဖြင့် Directors (Tetsuya Nomura,Takeshi Nozue)တို့ ရိုက်ကူးထားပြီး ကွန်ပြူတာ အထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားတဲ့ ထူးခြားဆန်းကြယ်တဲ့ ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ 2005/2007 ခုနှစ်တို့မှာ အကောင်းဆုံးAward များစွာကိုလည်း ပိုင်ဆိုင်ထားတဲ့ ကားလေး ဖြစ်တာမို့ထူးခြားဆန်းကြယ်တဲ့ Animation ကားလေးတွေ ကြိုက်တတ်သူများအဖို့ လုံးဝ လက်မလွှတ်သင့်တဲ့ ကားလေးဖြစ်ကြောင်း လက်တို့ပါရစေဗျာ။
 ဇာတ်လမ်းလေးဟာတော့....
    Advent Childrenဟာ Final Fantasy VIIပြီးသွားပြီး ၂နှစ်​ကြာတဲ့အခါမှာ ထွက်​​ပေါ်လာပါတယ်
ပြီး​တော့ အမည်မသိ​ရောဂါကူးစက်​ခံ​နေရတဲ့က​လေး​တွေကိုပြန်​​ပေးဆွဲတဲ့ သုံး​ယောက်​တွဲအဖွဲ့ကို အဓိကထားထားပါတယ်​။
တူညီတဲ့​ရောဂါကိုခံစား​နေရတဲ့ Final Fantasy VIIရဲ့ သူရဲ​ကောင်းတစ်​​ယောက်​ဖြစ်​ခဲ့တဲ့ Cloud Strifeက ​ရောဂါခံစား​နေရတဲ့က​လေး​တွေကို သွား​ရောက်​ကယ်​တင်​ခဲ့ပါတယ်​။
သုံး​ယောက်​တွဲအဖွဲ့ဟာ လူဆိုး Jenovaကို အသုံးချပြီး​တော့ လူဆိုးSephirothအား ပြန်​လည်​အသက်​သွင်းမည့်​အစီအစဉ်​ကို Cloud Strifeက သိရှိခဲ့ပါတယ်
သူနဲ့ သူ့ဘက်​​တော်​သားများက သူတို့ရပ်​တန့်​​စေဖို့ ဘယ်လောက်အသေ အကြေ တိုက်ခိုက် တားဆီးကြလဲ ဆိုတော့ကို ဆက်လက် အားပေးကြပါခင်ဗျာ။

Credit To : www.goldchannelmovies.com
Review by:Kelvin Aung
Translate by: Snowy Shane
Encode by: Waiyan Philip
Size :900MB
Quality 720P HD BR-RIp



Flipped (2010) - မြန်မာစာတန်းထိုး

IMDB 7.7 ထိရရှိနေဆဲ အချစ်ဟာသဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဟာသကားဆိုတာက တဟီဟီးရယ်နေရတဲ့ ဟာသမဟုတ်ပဲ သဘောကျလို့ ပြုံးမိရုံဖြစ်စေမှာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုကြည့်နေရင်းနဲ့ ကိုယ့်ရဲ့ဆယ်ကျော်သက်ဘဝကိုတောင်ပြန်မြင်ယောင်နေမိလို့ ရင်ထဲစွဲတဲ့ဇာတ်ကားလေးတလက်လို့ပြောပါရစေ။ ရိုးရှင်းတဲ့လူနေမှုဘဝ၊မိသားစု၊ပတ်ဝန်းကျင်ကို အခြေခံထားတဲ့ ရိုးရှင်းတဲ့ဇာတ်အိမ်လေးနဲ့တည်ဆောက်ထားပေမယ့် တင်ပြပုံနဲ့ သရုပ်ဆောင်ချက်တွေကောင်းတဲ့အတွက်ကြောင့် ဇာတ်ကားကောင်းတလက်အဖြစ် ရပ်တည်နေနိုင်တာဖြစ်ပါတယ်။ ဒီလိုဇာတ်လမ်းမျိုးကို မြန်မာကားတွေ ကိုရီးယားကားတွေမှာ မကြာခဏကြည့်ဖူးပေမယ့် တင်ပြပုံနဲ့ အိုင်ဒီယာကသူတို့ထက်ဘယ်လိုသာသွားလဲဆိုတာကိုတော့......
r@bp!G
အမေရိကန် ဒါရိုက်တာ ရော့ဒ်ရိုင်နာက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရော့ဒ်ရိုင်နာအနေနဲ့ ရှေ့မှာ Stand by Me (1986) နဲ့ The Bucket List (2007) ရိုက်ကူးခဲ့သူပါ။ အဲဒီ ဇာတ်ကား နှစ်ကားစလုံး အနှစ်သာရပြည့်ဝပြီး ကောင်းမွန်တဲ့ဇာတ်ကားတွေအ ဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

Flipped ဇာတ်ကားက မပြသခင်ကတည်းက နာမည်ကျော်နေတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ၂၀၁၀ပြည့်နှစ်ထဲမှာ ထွက်ရှိမယ့် အကောင်းဆုံးသော ဇာတ်ကားတွေထဲက ဇာတ်ကားတစ်ကား ဖြစ်လာလိမ့်မယ်လို့ ရုပ်ရှင်အကဲ ဖြတ်တွေက ကြိုတင်ဟောကိန်း ထုတ်ခဲ့ပါတယ်။

နေ့စဉ် ဖြစ်ပျက်နေတဲ့ ဘဝတွေထဲက သာမန် အကြောင်းအရာတွေကို စွဲမက်ဖွယ်ဖြစ်အောင် ဖန်တီးပြတတ်တာက ဒါရိုက်တာ ရော့ဒ်ရိုင်နာရဲ့ အရည်အသွေးတစ်ရပ် ဖြစ်ပါတယ် Flipped ဇာတ်လမ်းကလည်း ရိုးစင်းတဲ့ အကြောင်းအရာတစ်ခုကိုပဲ အခြေခံခဲ့တာပါ။ ဒီဇာတ်လမ်းကို စတင် အသက်သွင်းခဲ့သူက စာရေးဆရာမ ဝမ်ဒယ်လင် ဗန်ဒရာနန်ဖြစ်ပါတယ်။ ကလေးစာပေ အထူးပြု စာရေးဆရာမ တစ်ဦးအနေနဲ့ နာမည်ကျော်ပါတယ်။ သူက ဒီရုပ်ရှင်ဖြစ် လာမယ့် Flipped ဝတ္ထုကို ၂၀ဝ၁ခုနှစ်တုန်းက ရေးသား ထုတ်ဝေခဲ့ပါတယ်။ ဆယ်ကျော်သက်တွေရဲ့ စိတ်ပြောင်းလဲမှုဖြစ်စဉ်ကို ပတ်ဝန်းကျင်၊ ဗီဇရိုက်ခတ်မှုများနဲ့ ချိန်ထိုးပြဆိုခဲ့တဲ့ သာမန် ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

သာမန်ဘဝတွေထဲက အလှတရား ကို ရှာဖွေတတ်တဲ့ ဒါရိုက်တာ ရော့ဒ်ရိုင်နာ ကြောင့် Flipped ဝတ္ထုက ရုပ်ရှင်ဖြစ်လာခဲ့ ပါတယ်။ ဒီဇာတ်လမ်းမှာ ဂျူလီယာနာနဲ့ ဘရုစ် ဆိုတဲ့ ကလေးနှစ်ယောက်ရဲ့ စိတ်ခံစားမှုကို အသားပေး ဖော်ပြခဲ့ပါတယ်။ အသက်ခြောက်နှစ် အရွယ်ကတည်းက သူတို့နှစ်ဦး စတင် သိကျွမ်းခဲ့ပါတယ်။ အိမ်နီးနားချင်းတွေ လည်း ဖြစ်ကြပါတယ်။ စတွေ့စဉ်ကတည်းက ဂျူလီယာနာက ဘရုစ်ကို စိတ်ဝင်စားခဲ့ပါ တယ်။ ဘရုစ်ကတော့ ဂျူလီယာနာကို စ တွေ့ကတည်းက စိတ်မဝင်စားခဲ့ပါဘူး။

ကလေးနှစ်ယောက်ရဲ့ နောက်ခံစကား ပြောတွေနဲ့ ဇာတ်ကားကို ဖန်တီးခဲ့ပါတယ်။ အဖြစ်အပျက် တစ်ခုတည်း အပေါ်မှာပဲ မတူ ညီတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြခဲ့ပါတယ်။ စိတ်ခံစားမှု၊ ထင်မြင်ယူဆချက်တွေရဲ့ နောက်ခံ အခင်းအကျင်းကိုလည်း ပြသပါတယ်။ ဘရုစ်က အရာရာကို အပေါ်ယံ တွေးတတ်တယ်။ ဂျူလီယာနာကကိစ္စရပ်တိုင်းကို အဓိပ္ပါယ်ရှိရှိ လေးနက်စွာ တွေးတော တတ်ပါတယ်။ ကလေးတွေရဲ့ စိတ်ကို ပတ်ဝန်းကျင်နဲ့ ဗီဇက ဘယ်လောက်အထိ ရိုက်ခတ်စေတယ်ဆိုတာကို ဒီဇာတ်ကားမှာ ပြသခဲ့ပါတယ်။
ရုပ်ရှင်အညွှန်း - Now! Not Yet
Credit To : Flim2mm.com
[FORMAT]:………………………….:[ 720p DVDRip MP4
[GENRE]:………………………… .:[ Comedy, Drama, Romance
[FILE SIZE]:……………………….:[ 727 MB
[RESOLUTION]:………………….:[ 720x480
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 30mins
[iMDB RATING]:……………………..:[ 7.7/10



Fantastic Beasts and Where to Find Them (2016) - မြန်မာစာတန်းထိုး

လက်ရှိအောင်မြင်နေတဲ့ဇာတ်ကားတကားဖြစ်တဲ့အလျောက် ရုပ်ရှင်ပရိတ်သတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဇာတ်ကားကောင်းတလက်ဖြစ်ပါတယ်။ Flim2mm မှ admin ဖြစ်တဲ့ R!B မှမြန်မာဘာသာပြန်ဆိုထားပြီး cam version ကို တင်ဆက်လိုက်ပါပြီ။ ဒေါင်းသင့်မဒေါင်းသင့် ကြည့်ရှုရန် ScreenShots များတင်ပြပေးလိုက်ရပါတယ်။
r@bp!G
အခုလက်ရှိရုံတင်ပြသနေတဲ့ Fantastic Beasts and Where to Find Them ကတော့ ရုံတင်ပြသပြီးတစ်လခန့်မှာ Global Box Office ဝင်ငွေ $500 million ကျော်ရရှိသွားပြီပဲဖြစ်ပါတယ်။ Harry Potter စာရေးဆရာမဖြစ်တဲ့ J.K. Rowling အတွက် နောက်ထပ်အောင်မြင်မှုမှတ်တိုင်တစ်ခုစိုက်ထူလိုက်နိုင်တယ်ဆိုလဲမမှားပါဘူး။ Fantastic Beasts and Where to Find Them အတွက် Budget $180 million အထိအသုံးပြုခဲ့တာဖြစ်ပြီး အချိန်အတိုင်းအတာကာလတစ်ခုမှာ အခုလိုဝင်ငွေတွေပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။
.
လက်ရှိဒီတစ်ပတ် Weekend Box Office မှာတော့ No.2 နေရာမှာရပ်တည်နေတဲ့ Fantastic Beasts and Where to Find Them ကို Director David Yates ကရိုက်ကူးထားပြီး Fantastic Beasts ကိုစုစုပေါင်းဇာတ်ကား ငါးကားအထိရိုက်ကူးသွားမယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိတော့ အဆိုပါ 5 ကားလုံးကို Director David Yates ကပဲရိုက်ကူးသွားမယ်လို့သိရပါတယ်။
ပရိသတ်ချစ်တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ ဟယ်ရီပေါ်တာနဲ့ သူ့ရဲ့ Hogwarts ကျောင်းတော်က သူငယ်ချင်းတွေမပါ ၀င်ပေမယ့် သူမရဲ့မှော်ရုပ်ရှင်ဇာတ်ကားသစ် "Fantastic Beasts and Where to Find Them" ဇာတ်ကားကို ပရိတ်သတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်တယ်လို့ စိတ်လှုပ်ရှားနေတဲ့ J.K. Rowling က ပြောပါတယ်။
ငါးကားထွက်ဖို့ စီစဉ်ထားပြီး ပထမဆုံး စတင်ထွက်ရှိမယ့် ဟယ်ရီပေါ်တာကမ္ဘာမှာ ဇာတ်အိမ်တည်ထားတဲ့ "Fantastic Beasts" ရုပ်ရှင်မှာ ပရိသတ်တွေနဲ့ ရင်းနှီးနေတဲ့ နာမည်တွေပါဝင်နေမယ်လို့တော့ ဗြိတိန်စာရေးဆရာမ က ပြောကြားထားပါတယ်။
သူမက သတင်းစာရှင်းလင်းပွဲမှာ “ကျမတို့လုပ်နိုင်တာကို အကောင်းဆုံးလုပ်ပြီးပါပြီ၊ ကျမအမြဲတမ်း ပြောပြချင်နေခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကို ပြောခွင့်ရပါပြီ၊ ပရိတ်သတ်တွေကလည်း ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
“ဟယ်ရီပေါ်တာဟာ ဒီရုပ်ရှင်ထဲမှာမပါဘူးဆိုတာအမှန်ပါ၊ ဘာကြောင့်လဲဆိုတော့အဲ့ဒီတုန်းက သူဟာမမွေးသေးလို့ပါ၊ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာ အဲ့ဒီမှော်ကမ္ဘာရဲ့အငွေ့အသက်တွေကိုခံစားရမှာ ဖြစ်ပြီး ဇာတ်ကောင်တွေအကြောင်းကိုလည်း ပိုမိုသိရှိရမယ်” လို့သူမကထပ်ပြောခဲ့ပါသေးတယ်။
“Fantastic Beasts and Where to Find Them" ရုပ်ရှင်ဟာ ဟယ်ရီပေါ်တာစာအုပ်ထဲက အဖြစ်အပျက် တွေမဖြစ်ခင် နှစ်၇၀ ကိုဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဇာတ်ကောင်အသစ်တွေနဲ့ သူတို့ရဲ့ မှော်ပညာ စွမ်းရည်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၂၆ ခုနှစ်မှာ Newt Scamander ဆိုတဲ့ မှော်တိရစ္ဆာန် ကျွမ်းကျင် ပညာရှင်ဟာ နယူးယောက်မြို့ကို ရောက်လာခဲ့ပြီး သူ့ရဲ့လက်ဆွဲအိတ်ထဲက ထူးဆန်းတဲ့ သတ္တ၀ါတွေ လွတ်သွားတဲ့အကြောင်းကို ရိုက်ထားဖြစ်ပါတယ်။
Credit To : Flim2mm.com
[FORMAT]:………………………….:[ 720p HDCam MP4
[GENRE]:………………………… .:[ Adventure, Family, Fantasy
[FILE SIZE]:……………………….:[ 572 MB
[RESOLUTION]:………………….:[ 720x320
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 13mins
[iMDB RATING]:……………………..:[ 7.8/10

ScreenShots



 
 

Julia’s Eyes (2010) - မြန်မာစာတန်းထိုး


မျက်စိကန်းနေတဲ့သူတစ်ယောက်က သူသေဖို့လမ်းစကိုသူကိုယ်တိုင်ရှာဖွေလို့ရတယ်ဆိုရင်ယုံရခက်ရမလားပါပဲ…

အဲဒီလိုစဉ်းစားရအောင်လည်းဒီကားမှာ မျက်စိကွယ်နေတဲ့”ဆာရာ”ဆိုတဲ့အမျိုးသမီးကသူ့ကိုယ်သူသတ်သေတဲ့ပုံစံမျိုးနဲ့ဇာတ်လမ်းကိုအစပျိုးထားပါတယ်….

တစ်ကယ်ရောသူကိုယ့်ကိုသတ်သေတာဟုတ်ရဲ့လား….စိတ်ဝင်စားစရာတစ်ခုကတော့ သူသေတဲ့အချိန်မှာ သူ့အိမ်တွင်းပတ်ဝန်းကျင်မှာ အမှောင်ရိပ်ကိုအသားယူပြီးပုန်းခိုနေတဲ့လူတစ်ယောက်ရှိနေခဲ့ပါတယ်…
ဒါဆို..ဒါဟာလူသတ်မှု့လား ကိုယ့်ကိုကိုယ်သတ်သေတာပဲလား…အဲဒီလိုမရိုးစင်းတဲ့မေးခွန်းတွေနဲ့အတူစဉ်းစားရကြပ်နေသူကတော့”ဆာရာ့”ရဲ့
အမွှာညီမ ဂျူလီယာပါပဲ…..ဂျူလီယာတစ်ယောက် သူ့အမရဲ့အမှုကိုရှာပုံတော်ဖွင့်ရပါတော့မယ်…ဒီမှာတစ်ခုပြောချင်တာက ဂျူလီယာဟာသူ့အမရဲ့ရောဂါမျိုးရှိနေပါတယ်…

မျက်စိအာရုံကြောနဲ့ပက်သတ်ပြီးတော့ပါ…ဒီတော့သူတစ်ခုသိလိုက်ရတာက မကြာခင်မျက်စိကွယ်တော့ဆိုတာပါပဲ…ဒီတော့ဂျူလီယာတစ်ယောက် ”ဒုက္ခဝေဆာတဲ့ပင်လယ်ကြီးကိုဖြတ်ကျော်နိုင်ပါ့မလား”…မျက်စိကန်းနေလျက်နဲ့ သူရည်ရွယ်ထားတဲ့သူအမရဲ့ကိစ္စကိုဆောင်ရွက်နိုင်ဦးမှာလား…

”ဟုတ်ပါတယ်..မေးခွန်းများစွာနဲ့စိတ်ဝင်စားဖို့ကောင်းနေပါတယ်”
ဒီကားရဲ့အဓိကအကြောင်းအရာကတော့ ”အနီးဆုံးရန်သူကိုမကြွေတာကောင်းပါတယ်”😜
အဲဒီအချက်လေးကတော့ ဇာတ်လမ်းပေါ်အတော်ကြီးသက်ရောက်မှုရှိထားတာမို့

ဒီလောက်နဲ့အညွန်းကိုတစ်ခန်းရပ်ခွင့်ပြုပါ..ဒီကားရဲ့အညွှန်းနဲ့ဘာသာပြန်ကတော့ John La Yaung ပဲဖြစ်ပါတယ်…

File size…(1.0GB,476.8MB)
Quality…Blu-Ray Rip 1080p
Format…mp4
Duration….01:57:15
Subtitle….Myanmar Subtitle (Hardsub)
Encoder….Moe Myint Lwin


Watch And Download Direct Link (476.8MB)

28 Hotel Romms(18+) - မြန်မာစာတန်းထိုး


28 Hotel Romms(18+)
 နယူးယောက်မြို့က စာရေးဆရာပေါက်စ တစ်ယောက်ဟာ သူရဲ့ ပထမဆုံး စာအုပ်ကို ပုံနှိပ်ရိုက်ရင်း မိန်းမလေးတစ်ယောက်နဲ့ တွေ့ကာ ချစ်ကြိုက်မိပါတော့တယ် ဒီလိုနဲ့ သူတို့ဟာ ဟိုတယ် ကြီးရဲ့ အခန်းတွေမှာတစ်ခန်းပြီးတစ်ခန်း ငှားကာ date လုပ်ပြီး တွေ့ဖို့လုပ်ကြပါတော့တယ် စာရေးဆရာလေးရဲ့ စာအုပ်ဟာ လည်း ရောင်းအားအကောင်းဆုံး စာအုပ်စာရင်းဝင်လည်းဖြစ်လာခဲ့ပါတော့တယ် ဒါပေမဲ့ ကံဆိုးချင်တော့ ကောင်မလေးဟာ အိမ်နဲ့သူ့ပတ်ဝန်းကျင်ကြောင့်ပါ တစ်ခြားကောင်လေးတစ်ယောက်နဲ့လက်ထပ်လိုက်ရတော့တာပါ ဒါပေမဲ့ သူတို့နှစ်ဦးဟာ အရမ်းချစ်ကြတဲ့အတွက် ဒုက္ခတွေကိုဖြတ်ကျော်ကာ အဆက်မပြတ်ဖို့ ကြိုးစားကြရင်းနဲ့ hotel ရဲ့ ငှားခဲ့တဲ့ အခန်း ၂၈ ခန်းမြောက်မှာ ဘာတွေဖြစ်လာခဲ့လဲဆိုတာကတော့....
ဒီကားလေးဟာ 18+ ကားလေးဖြစ်ပေမဲ့ drama ရသတွေကိုပါ အပြည့်အဝထည့်ပေးထားတာမို့ လုံးဝရိုးမသွားစေမဲ့ကားလေးလည်းဖြစ်လို့ ကြည့်ရှုကြဖို့တိုက်တွန်းရင်း.......

Credit To : www.goldchannelmovies.com
Review & Translate by: Andrew Perry
Encode by: Hein Min Htet
Quality - Dvd Rip
Size - 600MB


Good Doctor ( 2013 ) - မြန်မာစာတန်းထိုး



ကိုရီးယားဇာတ်လမ်းတွဲတွေကိုကြိုက်နှစ်သက်တဲ့ပရိတ်သတ်များအတွက် ဆေးပညာနောက်ခံ
ဒရာမာဇာတ်လမ်းတွဲလေးအသစ်တစ်ခုနဲ့မိတ်ဆက်ပေးလိုက်ပါတယ်..ဒီ ဇာတ်လမ်းတွဲဟာ
2013 ခုနှစ်ကထွက်ရှိထားပြီး မင်းသားအဖြစ် Joo Won နဲ့ မင်းသမီးအဖြစ် Moon Chae-Won
တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်

ဇာတ်လမ်းအညွှန်း

ပတ်စီယွန်ဟာ ငယ်စဉ်ကတည်းက ဆေးပညာကိုစိတ်ဝင်စားပြီးဆရာဝန်အရမ်းဖြစ်ချင်တဲ့
ကလေးငယ်လေးတစ်ဦးပါ..ငယ်စဉ်တုန်းက သူဟာအများနဲ့မတူပဲ ရောဂါတစ်ခုရှိနေပါတယ်
ဒါကြောင့်ကလေးတွေဟာသူ့ကိုမခေါ်ပဲဝိုင်းဖယ်ကြလို့ သူ့အစ်ကိုဖြစ်တဲ့သူက စီယွန်ကို
ပုံစံပြောင်းအောင်အမျိုးမျိုးကြိုးစားခဲ့တယ်..တစ်နေ့ မှာတော့ သူနဲ့သူ့အကိုနဲ့ကစားရင်း
မြေပျိုခဲ့လို့ သူ့အကိုဆုံးပါးသွားတဲ့အချိန် သူ့ရဲ့ရောဂါပိုဆိုးလာခဲ့သလို ပိုပြီးလည်း
အထီးကျန်လာခဲ့ပါတယ်..ဆရာဝန်ကြီးတစ်ဦးက သူ့ကိုမွေးစားရင်းနဲ့မှ သူ့ရဲ့ဆေးပညာ
မှာကြောက်စရာကောင်းလောက်အောင်ပါရမီထူးချွန်မှုကို တွေ့ရှိရတဲ့နောက်မှာတော့
ဆရာဝန်တစ်ဦးဖြစ်အောင်ပျိုးထောင်ပေးခဲ့ပါတော့တယ်..ရောဂါကြောင့်အခြားလူတွေနဲ့
မတူတဲ့ စီယွန်..ခံစားချက်နောက်ကိုသာလိုက်တဲ့စီယွန်..ဆုံးဖြတ်နိုင်စွမ်းအရမ်းအားနည်းပြီး
မသိတဲ့ ပတ်စီယွန်တစ်ယောက် ဆေးကုဖို့သာသိပြီးလူမှုပတ်ဝန်းကျင်မှာ လက်တွေ့ရင်
ဆိုင်ရတဲ့အခါမှာတော့…………………………………………………………………….




















Sex Hunter (1980) - မြန်မာစာတန်းထိုး


ဇာတ်ကားလေးရဲ့အစကတော့ ငယ်ရွယ်ပြီးချောမောလှပတဲ့
ဘဲလေးအကမယ်လေး
မီကီိ တစ်ယောက် ကပွဲအပြီးမှာ သင်တန်းဆရာမတစ်ယောက်ရဲ့ ဖိတ်ကြားချက်ကို ရခဲ့ပါတယ်…
သင်တန်းဆရာမက သင်တန်းသူတွေကို ဘဲလေးကကွက်ဆန်းတွေသင်ပြီး ဖျော်ဖြေပေးဖို့ဆန္ဒရှိနေပါတယ်..
အဲ့ဒီသင်တန်းကျောင်းမှာသူမရဲ့ရရှိတဲ့အခွင့်ရေးတွေကြောင့်ပျော်ရွှင်လာခဲ့ပြီး
သူမရဲ့ချစ်သူကောင်းလေးနဲ့အချစ်ရေးကိုပြန်လည်ပြင်ဆင်ဖို့အတွက်ကြိုးစားလာပါတော့တယ်…
မကြာခင်မှာတော့ အဲ့ဒီအကသင်တန်းကျောင်းဟာတဖြည်းဖြည်းနဲ့မကောင်းတဲ့အရာတွေဆီကိုဦးတည်နေတယ်ဆိုတာသူမသိရှိလာတဲ့အခါမှာတော့……..
သူမလွတ်မြောက်နိုင်မလား…ဘယ်လိုရုန်းထွက်မလဲဆိုတာစိတ်ဝင်တစားနဲ့ကြည့်ရမှာပဲဖြစ်ပါတယ်….
“အမှောင် တကာ့အမှောင်ထဲမှာ တဏှာအမှောင်က အမိုက်ဆုံး” ပါတဲ့ဗျာ….

File size…(546.8MB)
Quality…DVD-Rip
Format…mp4
Duration….01:07:29
Subtitle….Myanmar Subtitle (Hardsub)

Translator….Kin Mu Chi

Encoder…..Dynamite Bunny

 

Watch And Download Pcloud

 

Watch And Download Direct Link


COLD WAR 2 (2016) မြန်မာစာတန်းထိုး


ဟောင်ကောင်အက်ရှင်ကားတွေ သဘောကျတဲ့ ပရိသတ်တွေ အတွက် သည်းထိတ်ရင်ဖို မှုခင်း အက်ရှင်ကား အသစ်လေး အကြောင်း ဖော်ပြပေးလိုက်ပါ တယ်။ ၂၀၁၂ တုန်းက ထွက်ရှိခဲ့တဲ့ Cold War ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာ ဖြစ်ပါတယ်။

ဇာတ်လမ်းကို Cold War စစ်ဆင်ရေးမှာ ကျဆုံးခဲ့တဲ့ ရဲမှူး ဟောင်း အဲလ်ဘတ်ကွမ်ရဲ့ အသု ဘအခမ်းအနားနဲ့ စထားပြီး အ ခမ်းအနားအပြီးမှာ အထူးရဲကော် မရှင်အကြီးအကဲ ရှောင်လျူဆီကို ဖုန်းဝင်လာခဲ့ပါ တယ်။ အရာရှိလျူရဲ့ဇနီးကို ပြန်ပေးဆွဲသွားတာဖြစ် ပြီး ဇနီးကို ပြန်ခေါ်ချင်ရင် အကျဉ်းသမား ဂျိုးလီနဲ့ အလဲအလှယ်လုပ် ဖို့ ပြန်ပေးသမားက တောင်းဆို ခဲ့ပါတယ်။

ရှောင်လျူဟာရဲဌာနချုပ်ကို သတင်းမပို့ဘဲ အရေးပေါ်ဆုံးဖြတ် ချက်ချကာ အကျဉ်းသားကိုထောင်က လွှတ်ပေးဖို့လုပ်ခဲ့ပါတယ်။ ဟောင်ကောင်မီဒီယာတွေနဲ့ နိုင်ငံရေးသမားတွေက ရဲဌာနရဲ့ အခုလိုအရေးပေါ် ဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းမှုတွေ တက်လာတာကြောင့် အရာရှိလျူဟာ ဘီလီချွန်းဆိုတဲ့ စုံထောက်ကို တရားခံနဲ့ပတ်သက်ပြီး စုံစမ်းထောက်လှမ်းစေခဲ့ပါတယ်။

ဂျိုးလီထောင်က လွတ်လာ တဲ့အခါ သူ့ဖခင် အမ်ဘီလီ၊ အထူးရဲ ကော်မရှင်အကြီးအကဲဟောင်း ချွဲယန်ကေးတို့ တွေ့ဆုံခဲ့ကြပြီးဂျိုးကို အရာရှိလျူရဲ့ နေရာမှာအစားထိုးနိုင်ဖို့ စီစဉ်ကြပါတော့တယ်။ Cold War စစ်ဆင်ရေးရဲ့လစ်ဟာမှုတွေ၊အရာရှိလျူရဲ့လုပ်ရပ်တွေအတွက်လူထုကိုဖြေရှင်းပေးဖို့ဥပဒေပြုလွှတ်တော် တရားသူကြီး နိုဝေကန်က ဦးဆောင်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အရှုပ်အထွေးများစွာဖြစ်ပြီးတဲ့ နောက်မှာတော့ လျူဟာ အလုပ်ကနေ တရားဝင်နုတ်ထွက်ခဲ့ပြီး ကိစ္စရပ်တွေအားလုံးကို ထုတ်ဖော်ပြောကြားခဲ့တယ်။ ပြဿနာတွေရဲ့ နောက်ကွယ်မှာ ရဲဌာနအကြီးအကဲတွေ ဆက်နွှယ်နေတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ၊ အရာရှိလျူတစ်ယောက် ဘယ်လိုဖော်ထုတ်သွားမှာလဲဆိုတာ ဆက်ကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ဒီဇာတ်ကားထဲမှာပါတဲ့ သရုပ်ဆောင်တွေအကုန်လုံးက ပရိသတ်တွေ ရင်းနှီးပြီးသား နာမည်ကြီးတွေပဲဖြစ်တဲ့အပြင် အမှန်အကန်အက်ရှင်ကားဖြစ်တာမို့ ပရိသတ်တွေ အကြိုက်တွေ့မယ် ထင်ပါတယ်။ အရာရှိရှောင်လျူအဖြစ် အေရွန်ကွတ်က ခေါင်းဆောင်ပါဝင်ထားပြီး တိုနီလျန်ခါ ဖေ၊ ချောင်ယွန်ဖတ်၊ ချာလီ ယောင်းစသူတွေ ပါဝင်ထားကြပါတယ်။

Credit To : www.goldchannelmovies.com
Review Credit to-7day Daily
Translate by: Htar Inzali and Scarlet Speedster
Quality - 720P HD
Size - 790MB

The Red Turtle (2016) - မြန်မာစာတန်းထိုး

The Red Turtle (2016)
IMDb : 7/10
Rotten Tomatoes : 90%

Spirited Away, My Neighbour Totoro အစရှိတဲ့ ရုပ်ရှင်များနှင့် နာမည်ကြီးခဲ့တဲ့ Studio Ghibli ဟာ 2016 မှာ ထူးခြားမှုများစွာနဲ့ တစ်ကျော့ပြန်လာပါပြီ။ The Red Turtle ဟာ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ Special Jury Prize ကို ဆွတ်ခူးရရှိခဲ့ပြီး ဝေဖန်ရေးဆရာများအကြိုက်တွေ့ခဲ့လို့ Metacritic မှာဆို 92% ထိ rating မြင့်နေပါတယ်။ ထူးခြားတာက ဒီတစ်ခေါက်မှာ ဂျပန်ကာတွန်းဆရာများလုံးဝမပါဘဲ ပြင်သစ်ဒါရိုက်တာ Micheal Dudok de Wit နဲ့ လက်တွဲထားတာ ဖြစ်ပါတယ်။ အပြာရောင်သုံးနေကျ Studio Ghibli ရဲ့ logo ကိုကအစ အနီရောင်ပြောင်းသုံးထားတာကလည်း တစ်မျိုးဆန်းနေသလို ခံစားရမှာပါ။ The Red Turtle ဟာ ခါတိုင်းလို စကားတွေ အများကြီးပြောပြီး ဇာတ်ကို ဆွဲယူသွားမှာ မဟုတ်ဘဲ ဇာတ်လမ်းထဲမှာ တငြိမ့်ငြိမ့်လေး မျောပါသွားစေမှာ ဖြစ်ပါတယ်။ ဇာတ်ကားထဲက ရိုးရှင်းလှပတဲ့ နောက်ခံပန်းချီကားတွေ တီးလုံးတွေကြောင့် သိမ်မွေ့လှပတဲ့ နတ်သမီးပုံပြင်လေးဟာ စိတ်ဝင်စားစရာအပြည့်နဲ့ သင့်ကို အဆုံးတိုင် ဆွဲခေါ်သွားမှာပါ။ ဇာတ်လမ်းအကျဉ်းကို လုံးဝ မပြောပြချင်တဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ Studio Ghibli ရဲ့ အံ့အားသင့်စရာ ပြောင်းလဲမှုတွေကို ပရိသတ်တွေကို ကိုယ်တိုင်တွေ့ကြုံခံစားကြည့်စေချင်လို့ပါ။ အစဉ်အလာကြီးမားတဲ့ ကိန်းစ် ရုပ်ရှင်ပွဲတော်မှာ ထူးထူးခြားခြား အောင်ပွဲခံနိုင်ခဲ့တယ်ဆိုကတည်းက လုံးဝ လက်မလွှတ်သင့်တဲ့ ဇာတ်ကားမှန်း သိသင့်နေပါပြီ။ ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့စေခဲ့တဲ့ အထူးခြားဆုံးအချက်ကတော့ ဇာတ်လမ်းပြီးသွားတဲ့ အချိန်မှာ ခံစားရတဲ့  ခံစားမှုက အသက်အရွယ်၊ နေရာဒေသ၊ လက်ရှိခံစားချက်ပေါ်မူတည်ပြီး တစ်ချိန်တည်း အတူတူကြည့်နေတဲ့သူတွေကို တစ်ယောက်တစ်မျိုးခံစားရစေခြင်းပါတဲ့။ သူပြောတဲ့ အဓိပ္ပါယ်က ဒီဇာတ်လမ်းဟာ ပျော်ရွှင်နေတဲ့အချိန်မှာ ကြည့်မိရင် ပိုဝမ်းသာကြည်နူးမိစေမှာ ဖြစ်ပြီး ၀မ်းနည်းတဲ့အချိန်မှာ ကြည့်မိရင်တော့ ပိုဝမ်းနည်းမိမှာပါတဲ့။  ကဲ ဘယ်လောက်များ ဆန်းကြယ်တဲ့ နတ်သမီးပုံပြင်လေးလဲဗျာ။

Credit To : www.goldchannelmovies.com
Reviewed and Presented by Waiyan Philip
Quality Br-Rip
Size -578MB


One for the Money (2012) - မြန်မာစာတန်းထိုး

စတက်ဖန်နီ ပလမ် ဆိုတဲ့ အမျိုးသမီးတယောက်ဟာ အလုပ်လက်မဲ့ဖြစ်နေတဲ့အခြေအနေမှာ အရေးပေါ်အလုပ်လုပ်ရတော့မယ့်အခြေအနေဖြစ်နေပါပြီ။ သူ့အစ်ကိုဝမ်းကွဲဆီမှာ အလုပ်လုပ်ဖို့ကြိုးစားပါတော့တယ်။ ဝရမ်းထုတ်ထားတဲ့လူတွေကို လိုက်ဖမ်းရတဲ့အလုပ်ပါ။ သူပထမဆုံးလုပ်ရမယ့်အလုပ်ကတော့ လူသတ်မှုတခုအတွက် ထွက်ပြေးနေတဲ့ ရဲအရာရှိဟောင်းကို လိုက်ဖမ်းရမှာဖြစ်ပါတယ်။ သူဖမ်းရမယ့်သူကတော့ တခြားသူမဟုတ်ပါဘူး။ လူငယ်ဘဝတုန်းက ရည်းစားဖြစ်ခဲ့ဖူးတဲ့ ဇာတ်လမ်းဟောင်းလေးပါပဲ။ ဘယ်လိုဆက်သွားမလဲဆိုတာကိုတော့....
မြန်မာစာတန်းထိုးဇာတ်ကားများ ဘလော့မှ ပြန်လည်ကူးယူ တင်ပြခြင်းဖြစ်ပါသည်။

Credit To : Flim2mm.com
[FORMAT]:………………………….:[ 1280p HDRip MP4
[GENRE]:………………………… .:[ Action, Comedy, Crime
[FILE SIZE]:……………………….:[ 647 MB
[RESOLUTION]:………………………:[ 1280x536
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 1h 31mins
[iMDB RATING]:……………………..:[ 5.3/10



The Dreamer (2003) မြန်မာစာတန်းထိုး 21+




ပရိတ်သတ်တွေအတွက်
ဒီတစ်ခါအပြောင်းအလဲလေဖြစ်အောင်18+ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်
18+ဆိုပေမဲ့IMDbမှာ7.2ထိရထားတာကြောင့်
ဇာတ်ကားကောင်းတစ်ကားဆိုတာပြောစရာလိုမယ်မထင်ပါဘူး
    ဒီဇာတ်ကားလေးကိုအမေရိကန်ကနေပြင်သစ်ကို
ပညာတော်သင်ရောက်ရှိနေတဲ့မက်သယူးဆိုတဲ့
ကျောင်းသားလေးကနေအစပြုထားပါတယ်
1965၀န်းကျင်လောက်ကိုအခြေခံပြီးရိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်ပြင်သစ်နိုင်ငံရဲ့ခေတ်ပြောင်းတော်
လှန်ရေးကိုလဲမြင်တွေ့ရဦးမှာပါ
ရုပ်ရှင်တွေစပြီးပေါ်ပေါက်လာတဲ့အဲ့ဒီခေတ်မှာ
ရုပ်ရှင်တွေကိုအရမ်းကြိုက်တဲ့မက်သယူးနဲ့
ရုပ်ရှင်တိုင်းကိုမလွတ်တမ်းကြည့်လေ့ရှိတဲ့
သီယိုနဲ့အစ္စဘဲလ်ဆိုတဲ့အမြွှာမောင်နှမတို့တွေ့ပြီး
သူငယ်ချင်းတွေဖြစ်ခဲ့ကြပါတယ်တစ်ရက်တော့
မက်သယူးကိုသီအိုတို့ကညစာစားဖို့ဖိတ်ခဲ့ပါတယ်.သီအို့မိဘတွေခရီးထွက်ဖို့ရှိတာကြောင့်
မက်သယူးကိုအိမ်မှာလာအိပ်ဖို့ခေါ်ရာကသီအိုတို့နဲ့အတူနေဖို့ဖြစ်လာခဲ့ပါတယ်.အဲ့လိုနဲ့အတူနေကြရင်း
ထူးဆန်းတဲ့အမြွှာနှစ်ယောက်အကြောင်းကို
မက်သရူးကသိရှိပြီးနောက်ဖြစ်ပေါ်လာတဲ့ဇာတ်လမ်းကိုရသမျိုစုံနဲ့ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်
18+ဆိုပေမဲ့21+ထက်တောင်ကြမ်းတဲ့Nudeတွေပါဝင်တာမို့မိသားစုနဲ့အတူမကြည့်ဖို့သတိပေးပါရစေ

Dramaဇာတ်ကားကောင်းတွေကိုမှကြိုက်တယ်ဆိုရင်တော့ဒီဇာတ်ကားလေးကိုလက်လွတ်မခံဖို့တိုက်တွန်း
လိုက်ပါတယ်

ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်သူကတော့ကျွန်တော်Ye_Min_Thantဖြစ်ပါတယ်

Credit To : www.goldchannelmovies.com
Ecode by: Hein Min Htet
Quality -720P HD
Size - 900MB


Hot Shot (1991) မြန်မာစာတန်းထိုး


Hot Shot (1991) မြန်မာစာတန်းထိုး
တွမ်ခရုစ်ရဲ့ Top Gun ကို ပြောင်ထားတဲ့ Hot Shot! (1991) ဟာ 90’s Kid တွေကြားမှာတော့ အလွန်ရေပန်းစားခဲ့တဲ့ စွန့်စားခန်း ဟာသဇာတ်ကားတစ်ခု ဖြစ်ပြီး Police Acamedy လိုမျိုး ရှားရှားပါးပါး စစ်ကားဟာသဇာတ်မြူးလည်း ဖြစ်ပါတယ်။ Hot Shot အလွန်အောင်မြင်ခဲ့တဲ့အတွက် နောက်ဆက်တွဲ Hot Shot! Part Deux (1993) ဆိုပြီး ရမ်ဘိုကို ပြောင်ထားတဲ့ ရုပ်ရှင်လည်း ထပ်ထွက်ခဲ့ပါသေးတယ်။ ဟာသအက်ရှင် ဆိုတဲ့အတိုင်း အက်ရှင်ခန်းတွေမှာ အလွဲလွဲ အချော်ချော်နဲ့ ကမောက်ကမ ဖြစ်တာတွေကို ပွဲကျအောင် ဟားရမှာ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းက ကြည့်ဖူးတဲ့ ဇာတ်ကားကောင်းများကို သိမ်းဆည်းထားချင်သူများအတွက်လည်း ကိုကျော်ဝင်းသူက စကားလုံးတစ်လုံးချင်းစီကအစ သေချာဘာသာပြန်ပေးထားတာမို့ ဇာတ်ကားရဲ့ အရသာကို အပြည့်အ၀ခံစားနိုင်မှာ ဖြစ်ပါတယ်။
ဇာတ်လမ်းကို မှတ်မိချင်ရင်တော့ အစဖော်ပေးမယ်နော်။ တော့ပါးဟာလေးက ထိပ်တန်းလေသူရဲတစ်ဦးဖြစ်ပြီး အမေရိကန်လေတပ်က သူ့ကို ဆက်ဒန်ဟူစိန်ရဲ့ နျူကလီးယားဗုံးစက်ရုံကို ဖျက်ဆီးပေးဖို့ တာဝန်ပေးလိုက်ပါတယ်။ အမြဲတလွဲတွေ ဖြစ်တတ်တဲ့ တော့ပါးတစ်ယောက် ကြီးမားတဲ့ သူ့တာဝန်ကို ဘယ်လိုများပြီးအောင် ဆောင်ရွက်မှာလဲဆိုတာကိုတော့…။
Credit To : www.goldchannelmovies.com
Review by: Waiyan Philip
Translate by: Win Kyaw Thu
Encode by: Waiyan Philip
Quality -720P HD
Size 600MB


Fever (2016)မြန်မာစာတန်းထိုး



မင်္ဂလာပါ ပရိတ်သတ်ကြီး အခုမိတ်ဆက်ပေးမယ့်ကားလေးကတော့ Fever ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် Gauhar Khan နဲ့ Rajeev Khandelwal တို့ အဓိကပါဝင်သရုပ်ဆောင်ပါတယ်၊ ဆွစ်ဇာလန်နိုင်ငံမှာ သွားရောက်ရိုက်ကူထားတဲ့
 Bollywoodကားလေးဟာဆိုရင်ဖြင့် ရင်တထိတ်ထိတ်ဖြင့်ကြည့်ရမည့်ကားလေးပါ စာရေးဆရာတစ်ယောက်အနေနဲ့ ဝတ္ထုရေးရာမှာကုန်ကြမ်းကို တကယ့်ဘဝကရှာဖွေပြီးရေးပါတယ် မတော်တဆမှုတစ်ခုဖြစ်ပြီး ဦးခေါင်းထိသွားတဲ့အခါ သူ့ဘဝသူ စာအုပ်ထဲကဘဝနှင့် ထင်ယောင်ထင်ယောင်တွေဖြစ်သွားခဲ့တယ် သူ့ကိုသူဇာတ်လမ်းထဲက ဇာတ်ကောင်အဖြစ်ထင်နေပြီး စာအုပ်ထဲကလူသတ်မှုကိုသူကျူးလွန်ထားသလိုခံစားရလာတယ် ထိုအရာတွေရှင်းရှင်းလင်းလင်းသိရအောင် လိုက်စုံစမ်းရင်း ရင်တထိတ်ထိတ်ဇာတ်ဝင်ခန်းလေးတွေကို ဇာတ်ကားလေးမှာ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်.။

Credit To : goldchannelmovies.com
Translate by: Wai Mar Kyaw
Quality -HD Rip
Size 900MB



Lake Erie(2016)မြန်မာစာတန်းထိုး


ပရိတ်သတ်ကြီးထဲက horror ကားကို တစ်ယောက်ထဲကြည့်ရဲပါတယ်ဆိုတဲ့သူတွေအတွက် 2016 သည်းထိတ်ရင်ဖိုကားလေး တင်ဆက်ပေးချင်ပါတယ်
Lake Erie ဆိုတာကတော့ North America မှာရှိတဲ့ အကြီးဆုံးရေကန် ငါးခုထဲက လေးခုမြောက်ကန်ဖြစ်ပါတယ် အမျိုးသားရုတ်တရက် ဆုံးရှုံးလိုက်ရပြီး စိတ်ကောလူကော ပြန်ကျန်းမာလာဖို့ကြိုးစားနေတဲ့ မုဆိုးမတစ်ဦးဟာ Lake eerie မှာ ရှိတဲ့ အိမ်ဟောင်းတစ်ခုကိုပြောင်းရွှေ့လာပြီးနောက် အမှောင်ထုရဲ့ လျှို့ဝှက်ချက်တွေကို တွေ့ရှိလာပြီး Lake eerie မှာ သူတစ်ယောက်တည်းရှိနေတာမဟုတ်ဘူးဆိုတာ သိရှိသွားတဲ့အခါ သွေးပျက်ကြောက်လန့်စရာတွေကို ကြည့်ရှုရမယ့် horror/ thriller ကားလေးကိုတင်ဆက်လိုက်ရပါတယ်
တစ်ယောက်ထဲမကြည့်ရဲရင်လည်း လူစုပြီးကြည့်ကြပါလို့ ... ;) ။
Credit To : www.goldchannelmovies.com
Review by: ဆလတ်ရွက်
Translate by: War So
Encode by: Hein Min Htet
Size - 740 MB
Quality -WebRip


The Ghost Writer (2010) - မြန်မာစာတန်းထိုး

  
ဂျိမ်းစဘွန်းမင်းသားဟောင်း   ပါဝင်သရုပ်ဆောင်ထားတဲ့ IMDB 7.2 အထိရထားတဲ့ Ghost Writer ဆိုတဲ့ဇာတ်ကားကောင်းလေးတကားတင်ပေးလိုက်ပြီ။
Credit To : Flim2mm.com
[FORMAT]:………………………….:[ 1280p DVDRip MP4
[GENRE]:………………………… .:[ Mystery, Thriller
[FILE SIZE]:……………………….:[ HD- 900 MB , SD- 227 MB
[RESOLUTION]:………………………:[ 1280x720
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 08min
[iMDB RATING]:……………………..:[ 7.2/10


Watch And Download Direct Link (900MB)



Watch And Download Direct Link (270MB) 

NightWings (2015) MIni Series - မြန်မာစာတန်းထိုး


ကျွန်တော်တို့တွေ Batman အကြောင်း အများကြီး သိခဲ့ရပြီးပြီ
သူ့အကြောင်းကိုလည်း အကြောင်းအရာမျိုးစုံနဲ့ ဇာတ်ကြောင်းတွေ အများကြီး ထွက်ခဲ့ရပြီးပြီ
သူ့ရဲ့ တပည့်တွေ အကြောင်းတွေကိုလည်း တော်တော်များများ သိခဲ့ကြရပြီးပြီ
ဒါပေမယ့် ကျွန်တော်တို့တွေ အားလုံးလိုလိုနဲ့ TVပေါ်မှာ ရင်းနှီးမနေခဲ့တာက Nightwing……
IMDb 7.5/10…
မူလ Robin တစ်ဖြစ်လဲ Dick Grayson ဟာ သူရဲ့ ကောင်မလေး
အသတ်ခံလိုက်ရတဲ့ အချိန်မှာတော့ Robin ရဲ့ တံဆိပ်ကနေ စွန့်ခွာပြီး
Nightwing ဆိုတဲ့ အမှတ်တံဆိပ်ကို ကိုယ်တိုင် ဖန်တီးပြီး မတရားမှုတွေကို
တိုက်ခိုက်တတ်တဲ့ သူရဲကောင်းတစ်ယောက်အဖြစ်နဲ့ ညအချိန်မှာ ပေါ်ထွက်လာတော့တယ်
မကောင်းမှုတွေကို ပယ်ရှားနေရင်းနဲ့ တစ်နေ့တော့ Deathstroke ရဲ့လမ်းကြောင်းထဲ
ဝင်ရောက် စွက်ဖက်မိတော့တယ် Deathstroke ဘယ်လိုလူလဲ ကောင်းကောင်းသိနေတဲ့အတွက်
တစ်ခြားလူတွေအတွက် နတ်ဆိုး ဖြစ်မလာခင် Nightwing တားဆီးရပါတော့တယ်
Series ပုံစံရိုက်ထားတာလည်း ဖြစ်တယ် အပိုင်းလည်းတိုတယ်ဆိုတဲ့အတွက်ကြောင့်
Mini Series အမျိုးအစားထဲ ၀င်သွားတာ ဖြစ်သော်ငြားလည်းပဲ အပိုင်း ငါးပိုင်းနဲ့
တစ်ပိုင်းကို ဆယ့်ငါးမိနစ်လောက်ပဲ ရှိတယ်ဆိုတဲ့အတွက်ကြောင့် ဘယ်လိုမှ အားမရခဲ့
ဒီစီးရီးက ရုပ်သံလိုင်းတွေမှာ လွှင့်တတ်တဲ့ အမျိုးအစားမဟုတ်ပဲ YouTube ချန်နယ်မှာ
လွှင့်တဲ့ အမျိုးအစားဖြစ်တာကြောင့် ဒီလို အချိန်တိုသွားရတယ်
အချိန်တိုပေမယ့်လည်း Batman ရဲ့ မြို့ထဲက လူတွေ တော်တော်စုံတဲ့အတွက်ကြောင့်နဲ့
Live Action မှာ ကြုံဖူးလေ့မရှိမယ့် Nightwing နဲ့ Red Hoodတို့ရဲ့ တိုက်ပွဲကိုပါ ကြည့်ရဦးလိမ့်မယ်
ဒါတင်မကသေး Super Man နဲ့ Joker ကိုပါ တွေ့ရဦးမှာ ဖြစ်တဲ့အတွက်ကြောင့် အချိန်နည်းပေမယ့်
တစ်ကယ်ကောင်းတဲ့ တန်တဲ့ Tiny Series တစ်ခုဖြစ်ပါကြောင်း…
( ၎င်းစီးရီးသည် Fan Made သက်သက်သာ ဖြစ်ပြီး DC Comics နှင့် Warner Bros. ကုမဏီတို့နှင့်
ထောက်ခံချက်ရရှိထားခြင်းမဟုတ်ရုံတင်မကပဲ ထိုအဖွဲ့အစည်းများနှင့် မည်သို့မှ မသက်ဆိုင်ပါကြောင်း
Nightwing ၏ ပရိသတ်များအတွက် ပရိသတ်များ စီစဉ်တင်ဆက်ထားသော
အကျိုးအမြတ် မမျှော်မှန်းထားသည့် Fan Made စီးရီးသက်သက်သာ ဖြစ်ပါကြောင်း… ပျော်ရွှင်ကြပါစေ )

Download From Pcloud

==========================================

Download Ep1

Download Ep2

Download Ep3

Download Ep4

Download ep5


Download And Watch Direct Link
============================




Paddington (2014) - မြန်မာစာတန်းထိုး


မင်းသမီး Nicole Kidman ပါဝင်ထားတဲ့
Comedy, Family အမျိုးအစားဇာတ်ကားပါ။
IMDb Rating (7.3/10) ရရှိထားပြီး
Rotten Tomatoes (98%) တောင်ရရှိထားပါတယ်။
Rating တွေအရမ်းကောင်းတဲ့ဇာတ်ကားဖြစ်လို့

မိသားစုနဲ့ကြည့်ဖို့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားပါ။



Vertical Limit (2000) - မြန်မာစာတန်းထိုး


User Review အနေနဲ့
“ရင်တထိတ်ထိတ်နဲ့ အလန်းစားစွန့်စားခန်းများ”
vote အများကြီးရထားတဲ့ ဇာတ်ကားလေး တင်ဆက်လိုက်ရပါတယ်။
သင်ဟာစွန့်စားခန်း ဇာတ်ကားကောင်းကောင်း နှစ်သက်မိရင် လုံးဝ လက်မလွှတ်သင့်တဲ့ဇာတ်ကားပါ။
ကမ္ဘာပေါ်မှာ အမြင့်ဆုံးတောင်ကိုပြောပါဆိုရင် ဧ၀ရက်ပါပဲ။
ဒုတိယ အမြင့်ဆုံးတောင်ကို ပြောပါဆိုရင် K2 ပါတဲ့ နောက်ပြီး အကြမ်းတမ်းဆုံးတောင်လဲဖြစ်ပါတယ်။
စီးပွါးရေး ကုမ္ပဏီတစ်ခုက လေယာဉ်ဖွင့်ပွဲကို စတန့်သဘောနဲ့ပြချင်နေပါတယ်
အဲဒါကတော့ K2 တောင်ထိပ်ပေါ်ကို ပျံဝဲ ပြမှာပါ တောင်တက်သမားတွေက
အချိန်မှီအရောက်တက်ပြီး လေယာဉ်ကို တောင်ထိပ်ပေါ်ကနေ လက်ပြ ရမဲ့စတန့်ပါ။
တောင်တက်သမားတွေက အရောက်သွားနိုင်ပါ့မလား? အားလုံးက ဘာမှ မှန်းဆလို့မရသလို
ယုံကြည်လို့လဲ မရနိုင်ပါဘူး။ သိပ်ပြီး အများကြီးညွှန်းဆိုမနေတော့ပါဘူး။
ဒီဇတ်ကားကို ဘာသာပြန်ပေးထားသူကတော့ CM Translator Aye Min Oo ပဲ ဖြစ်ပြီး
အညွှန်းကိုလဲ သူကိုယ်တိုင် ရေးပေးထားပါတယ်

(သစ်ဆန်းခန့်)





Powered by Blogger.