Latest Movie :
Recent Movies
Showing posts with label Adventure. Show all posts
Showing posts with label Adventure. Show all posts

Krrish 3 (2013) - မြန်မာစာတန်းထိုး


IMDb (5.4/10)….Rotten Tomatoes(83%)
အိန္ဒိယ သိပ္ပံနဲ့ စွန့်စား မှု တွေပါ ၀င်တဲ့ super hero ဇာတ်ကား တစ်ကား ဖြစ်တဲ့ Krrish 3 ဟာ အောက်တိုဘာ ၃၁ ရက်နေ့က
ထွက်ရှိခဲ့ပါ ပြီ။ အနောက်တိုင်း animated ရုပ်ရှင်ကား တွေကို ယှဉ်နိုင်တဲ့ Bollywood ရုပ်ရှင် တွေရဲ့ အဆင့်အတန်းကို ဖော်ပြ
နိုင်တဲ့ super hero ဇာတ်ကား တစ်ကား ဖြစ်ပါ တယ်။ အရင် ဇာတ်ကားတွေ ဖြစ်တဲ့ Koi….Mil Gaya (2003) အဓိပ္ပါယ် ကတော့
I…found someone နဲ့ သူ့ရဲ့ နောက်ဆက် တွဲ Krrish (2006) တို့ဟာလည်း အောင်မြင်ခဲ့ တဲ့ဇာတ်ကားတွေဖြစ်ပါတယ်။ ပထမ
ဇာတ်ကား မှာ တော့ အိန္ဒိယ နိုင်ငံ Kasauli မြို့လေးမှာ Rohit (ရိုဟစ်) ဆိုတဲ့ ဥာဏ်ရည် မမီတဲ့ ကလေးစိတ်မပျောက်သေးတဲ့
ကောင်လေးတစ်ယောက် နဲ့ သူ့ဖခင် Dr.Sanjay Mehra တီထွင်ထားတဲ့ computer က အာကသ ထဲကိုလွှတ်လိုက်တဲ့ ရေဒီယို လှိုင်းတွေ
ကြောင့် ရောက်လာတဲ့ ဂြိုလ်သား လေး jadoo (ဂျာဒူး) တို့ ရဲ့အကြောင်းပါ ။ နောက်ပိုင်းတွေ မှာ jadoo ရဲ့ အကူအညီနဲ့ သူချစ်နေတဲ့
ကောင်မလေး Nisha (နီရှာ) ကို ကြိုးစားပုံ တွေ jadoo ရဲ့ စွမ်းအားတွေ လက်ခံ အပြီး အရင်ပုံ စံနဲ့ ဆန့်ကျင်ဖက် လုံးလုံး ဖြစ်သွားပုံ တွေ
ကိုတွေ့မြင်ရမှာပါ။ ဒီဇာတ်လမ်းကျောရိုး ဟာ 1982 က Hollywood နာမည်ကျော်ဇာတ်ကား E.T , the Extra-Terrestrial ရဲ့ လွှမ်းမိုး
မှုတွေ အများကြီး ရှိတယ် လို့ ဝေဖန်ခြင်းတွေ ခံခဲ့ရပါတယ်။ Rohit နောက်သူ့ သား Krrishna (ကရစ်ရှ်နာ) ရဲ့ အကြောင်း ကတော့ လုံးဝ လူစွမ်းကောင်း
ဇာတ်ရုပ် အဖြစ်ကူး ပြောင်းသွားပါတယ်။ Krrish ဇာတ်ကား ထဲမှာတော့ Krrishna တစ်ယောက် ဟာ အဖေ ရော အမေရော မရှိ တော့ဘဲ
အဖွားဖြစ်သူ Sonia (ဆိုနီယား) နဲ့ အိန္ဒိယ မြောက်ပိုင်းက တောင်ပေါ်ရွာ လေးတစ်ရွာမှာ ဇာတ်မြှုပ်နေနေရာကစပါတယ်။ Sonia က သား
ဖြစ်သူ ရဲ့ သဘာဝလွန် စွမ်းအား တွေကြောင့် သားရော ချွေးမပါ ဆုံးရှုံးခဲ့ရတဲ့အတွက် အဖေ့အမွေ ရထားတဲ့ မြေးလေး Krrishna ကို
အစွမ်းတွေ ထုတ်မသုံးဖို့ တားခဲ့ရာက Krrishna က အဖွားအသိအောင် တောင်ပေါ်မှာ သူ့ရဲ့ စွမ်းအား တွေကို ခိုးပြီး လေ့ကျင့်ရင်း
တောင်တက်အဖွဲ့က မြို့သူချောလေး Priya (ပရီယာ) ကို စွဲလမ်းပြီး မြို့ကိုလိုက်သွားပါတယ်။ မြို့ပြမှာ Krrishna က ဆပ်ကပ် ပွဲတစ်ခုရဲ့
ပေါက်ကွဲမှုကနေ လူကယ်ရင်း သူ့စွမ်းအားတွေကို လူသိမခံဘဲ အသုံးချဖို့ နည်းလမ်းတွေ့သွားပြီး အနာဂတ်ကို ဟောနိုင်တဲ့ စက်တစ်လုံး
တည်ဆောက်မှုမှာ အသုံးချဖို့ ဖမ်းဆီးခံထားရတဲ့ သူ့အဖေကို ကယ်တင်ဖို့ကြိုးစားပုံတွေကိုလည်း တွေ့ ရမှာပါ။ အခု Krrish 3 မှာတော့
Rohit နဲ့ Krrishna တို့သားအဖဟာ မွန်ဘိုင်းမြို့မှာ သူတို့ရဲ့ အစွမ်းအစတွေနဲ့ ကမ္ဘာကြီးကို အကြိုးပြုနေကြပါတယ်။ Rohit က သေသူ
ကိုအသက်ပြန်သွင်းနိုင်တဲ့ စက်ကြီးတစ်လုံးတည်ဆောက်နေပြီး Krrishna ကတော့ Priya နဲ့ လက်ထပ်ပြီး Krrish တစ်ဖြစ်လဲ အနေနဲ့
ဒုက္ခရောက်နေသူ တွေကို ကူညီလျှက်ရှိပါတယ်။ သူတို့ရင်ဆိုင်ရ မယ့် စူပါဗီလိန်ကတော့ Dr.Kaal ဖြစ်ပါတယ် ။ အာဖရိက ဘက်မှာ
ပြန့်နှံ့နေတဲ့ ဗိုင်းရပ်စ် က မွန်ဘိုင်းကိုပြန့်နှံ့လာနေပြီး ဖြေဆေးကို Rohit က အချိန်မီရှာရမှာပါ။ ပြီးတော့ Dr.Kaal ရဲ့ လူတစ်ပိုင်း တိရိစ္ဆာန်
တစ်ပိုင်း Maanvars လို့ခေါ်တဲ့ Mutant တွေက မွန်ဘိုင်းမြို့ကြီးရဲ့ ကယ်တင်ရှင် Krrish ကို တိုက်ခိုက်ပုံတွေ ကို အသည်းတယားယားနဲ့
ကြည့် ကြရမှာပါ။ သေသပ်လှတဲ့ Animation effect တွေနဲ့ Hrithik Roshan, Vivek Oberoi, Priyanka Chopra, Kangna Ranaut တို့
ဦဆောင်ထားပြီး ဒါရိုက်တာ Rakesh Roshan ရဲ့ လက်ရာကားကောင်းတစ်ကားပါ။ Hrithik က Rohit ရော Krrishna အဖြစ်ပါ သရုပ်ဆောင်
ထားပါတယ်။ Priyanka Chopra ကတော့ Priya အဖြစ်သရုပ်ဆောင်ထားပါတယ်။
(ရုပ်ရှင်အညွှန်းကို Channel D မှကူးယူဖော်ပြပါသည်။)

Credit To : www.channelmyanmar.org

File size…(1.1GB)
Quality…BR-Rip 720p
Format…mp4
Duration….02:32:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (1.1GB)


Watch And Download Direct Link (1.1GB) *uploading


Watch And Download Pcloud (540MB)


Watch And Download Direct Link (540MB)

Krrish (2006) - မြန်မာစာတန်းထိုး



IMDb (6.3/10)….Rotten Tomatoes(100%)
မင်းသား Hrithik Roshan ရဲ့နာမည်ကျော် ဘောလိဝုဒ်ဇာတ်ကား Koi….Mil Gaya (2003) ရဲ့အဆက်ဇာတ်ကားဖြစ်ပါတယ်။
Rohit နောက်သူ့ သား Krrishna (ကရစ်ရှ်နာ) ရဲ့ အကြောင်း ကတော့ လုံးဝ လူစွမ်းကောင်း
ဇာတ်ရုပ် အဖြစ်ကူး ပြောင်းသွားပါတယ်။ Krrish ဇာတ်ကား ထဲမှာတော့ Krrishna တစ်ယောက် ဟာ အဖေ ရော အမေရော မရှိ တော့ဘဲ
အဖွားဖြစ်သူ Sonia (ဆိုနီယား) နဲ့ အိန္ဒိယ မြောက်ပိုင်းက တောင်ပေါ်ရွာ လေးတစ်ရွာမှာ ဇာတ်မြှုပ်နေနေရာကစပါတယ်။ Sonia က သား
ဖြစ်သူ ရဲ့ သဘာဝလွန် စွမ်းအား တွေကြောင့် သားရော ချွေးမပါ ဆုံးရှုံးခဲ့ရတဲ့အတွက် အဖေ့အမွေ ရထားတဲ့ မြေးလေး Krrishna ကို
အစွမ်းတွေ ထုတ်မသုံးဖို့ တားခဲ့ရာက Krrishna က အဖွားအသိအောင် တောင်ပေါ်မှာ သူ့ရဲ့ စွမ်းအား တွေကို ခိုးပြီး လေ့ကျင့်ရင်း
တောင်တက်အဖွဲ့က မြို့သူချောလေး Priya (ပရီယာ) ကို စွဲလမ်းပြီး မြို့ကိုလိုက်သွားပါတယ်။ မြို့ပြမှာ Krrishna က ဆပ်ကပ် ပွဲတစ်ခုရဲ့
ပေါက်ကွဲမှုကနေ လူကယ်ရင်း သူ့စွမ်းအားတွေကို လူသိမခံဘဲ အသုံးချဖို့ နည်းလမ်းတွေ့သွားပြီး အနာဂတ်ကို ဟောနိုင်တဲ့ စက်တစ်လုံး
တည်ဆောက်မှုမှာ အသုံးချဖို့ ဖမ်းဆီးခံထားရတဲ့ သူ့အဖေကို ကယ်တင်ဖို့ကြိုးစားပုံတွေကိုလည်း တွေ့ ရမှာပါ။
ရုပ်ရှင်အညွှန်းကို Channel D မှကူးယူဖော်ပြပါသည်။
(ဘာသာပြန်ထားသူကတော့ Aye Nyein Thu Hein ဖြစ်ပါတယ်။)

Credit To : www.channelmyanmar.org

File size…(1.3GB)
Quality…BR-Rip 720p
Format…mp4
Duration….03:05:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (1.3GB)

 

Watch And Download Direct Link (1.3GB) *uploading

 

Watch And Download Pcloud (660MB)

 

Watch And Download Direct Link (660MB)

CAMELOT Mini Series (စ/ဆုံး)




မီးနတ်တန်ခိုးရှင် မော်ဂါနာနှင့် ဘုရင်လေးအာသာ (သို့မဟုတ်) CAMELOT Mini Series (စ/ဆုံး) (မြန်မာစာတန်းထိုး 720P HD) 18+ Action, Adventure
=========
Game of Throne ကိုကြိုက်တဲ့ သူများအတွက် Game of Throne Season 6 မထွက်ရှိခင် စိတ်ဖြေအနေနဲ့ ကြည့်သင့်တဲ့ စီးရီးကောင်းတစ်ခုပါ..။ အပိုင်းလည်းနည်းပြီး အစအဆုံးဆိုတော့ ကြည့်တာလဲ အဆင်ပြေလှပါတယ်.။တစ်ချို့သော ၁၈+ အခန်းတွေဟာ ကြမ်းလွန်းတာကြောင့်မိသားစုနဲ့ ကြည့်ဖို့ အတွက်တော့ မသင့်တော်ပါ.။
ဖြစ်ရပ်မှန် ကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီး ဒဏ္ဍာရီထဲက လူစွမ်းကောင်း လန်းစလော့ ၊ မီးနတ်ဘုရားမ မော်ဂါနာ ၊ ပါရမီရှင် ထိပ်သီးမှော်ဝိဇာကြီး မာလင် ၊ဘုရင်ကြီးအာသာ အစရှိတာတွေကိုလဲ မျက်ဝါးထင်ထင်မြင်ကြရမှာပါ..။ ဇာတ်လမ်းကြောင်းကတော့....။
ငါးရာစုနှောင်းပိုင်းမှာ ဗြိတိန်ဟာ ရောမတွေရဲ့ ဆယ်စုနှစ်တစ်ချို့တာ အုပ်ချုပ်မှုကနေ လွတ်မြောက်ခဲ့ပါတယ်။ အာသာဘုရင်ဟာ ဆိုးသွမ်းလွန်းတဲ့ မော်ဂါနာဆိုတဲ့ သမီးဖြစ်သူကို ခရစ်ယာန် သာသနာပြုကျောင်းတစ်ကျောင်းမှာ သမီးသွားရောက်ထားရှိပါတယ်..။မော်ဂါနာဟာ သာသနာပြုကျောင်းမှာ ကောင်းရာကောင်းကြောင်းတွေမသင်ယူပါပဲနဲ့ စေတန်နဲ့ မိမိဝိဥာဉ်ကိုရောင်းကာ အပေးအယူလုပ်ပြီး ယုတ်မာရက်စက်တဲ့ မှော်ပညာရပ်တွေကို သင်ပြီး မီးနတ်ဘုရားမ တစ်ယောက်လို မှော်တွေသင်ယူခဲ့ပါတယ်.။
သူ့ရဲ့ အစွမ်းတွေနဲ့ အာသာဘုရင်ကို တိတ်တဆိလုပ်ကြံခဲ့ပါတယ်.။ အာသာ ဘုရင် ရုတ်တစ်ရက်သေဆုံးမှုနဲ့အတူ ၀ရုန်းသုန်းကားဖြစ်မှုတွေဟာ ဗြိတိန်ကိုဝါးမျိုပါတော့တယ်။ သမိုင်းဝင် မှော်ဆရာမာလင်ဟာ အမှောင်လွှမ်းမယ့်အတိတ်ကို ကြိုတင်မြင်ပြီးတော့ ငယ်ရွယ်ပြီး စိတ်မြန်တဲ့ အာသာ့ကို ရာထူးအပ်နှင်းခဲ့ပါတယ်။ သူဟာ အာသာဘုရင်ရဲ့ တိတ်တိတ်ပုန်းသားတစ်ယောက်ဖြစ်ပြီး သာမန်ပြည်သူအဖြစ်ကြီးပြင်းခဲ့ရသူပါ။
ဘုရင်အသစ်အနေနဲ့ မာလင်နဲ့ အာသာတို့ဟာ အစွန့်ပစ်ခံ ခြုံနွယ်ပိတ်ပေါင်းတွေများစွာထူထပ်နေတဲ့ ကမ်မလေ့ ရဲတိုက်မှာ သူတို့ရဲ့မိတ်ဖက်တွေဖြစ်တဲ့ အာသာ့မွေးမိခင် အိုင်ဂရိန်း မွေးစားညီအစ်ကို ကေးနဲ့ သစ္စာရှိစစ်သည်တော် လီယွန်တေး ဂါဝိန်း ယူလ်ဖီးယပ်စ်နဲ့ ဘာရာစရှားတို့ နဲ့အတူစတင်နေထိုင်ပြီး ဒီရဲတိုက်ကနေ အခက်အခဲပေါင်းများစွာ စိန်ခေါ်မှု့ပေါင်းများစွာနဲ့ အာသာဟာ ကောင်းမွန်တဲ့ ပြည်သူတွေငြိမ်းချမ်းစွာနေထိုင်နိုင်မယ့် ဗြိတိန်နိုင်ငံသစ်ကို တည်ထောင်ဖို့ကြိုးစားပါတော့တယ်။
=================================================
Credit To : www.goldchannelmovies.com
Credit to-Movies with Myanmar Subtitle
Encode by: Hein Min Htet 
Quality 720P HD
Size 300MB

 Pcloud                                        Direct link

Episode - 1                                    Episode - 1

Episode - 2                                    Episode - 2

Episode - 3                                    Episode - 3

Episode - 4                                    Episode - 4

Episode - 5                                    Episode - 5

Episode - 6                                    Episode - 6

Episode - 7                                    Episode - 7

Episode - 8                                    Episode - 8

Episode - 9                                    Episode - 9

Episode - 10                                 Episode - 10

Legend of Hidden Temple - မြန်မာစာတန်းထိုး


ဒီတစ်ခါတော့ ပရိတ်သတ်ကြီးကို
ကြည့်လိုက်တာနဲ့ ရိုးအီမသွားစေပဲ ကလေးငယ်လေးတွေ စွန့်စားခန်းထွက်တဲ့နောက် ကိုယ်ပါရောယောင် စွန့်စားချင်စိတ်ပေါက်သွားလောက်တဲ့ adventure ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်
Legends of hidden temple ဆိုတဲ့ ဒီဇာတ်ကားလေးက ၉၀ခုနှစ်လောက်တုန်းက  game show ကို live-action movie အနေနဲ့ ပြသခဲ့ပါတယ် အခု ၂၀၁၆ မှာတော့ ပုံစံတစ်မျိုးနဲ့ ဒါရိုက်တာJoe Menendezက ပြန်လည်ဆန်းသစ်ထားပါတယ်
ဒဏ္ဍာရီပုံပြင်ရှိတဲ့ ဘုရားကျောင်းရှိရာကို ခရီးထွက်လာကြတဲ့ မိသားစုတစ်စုမှာ ကလေး ၃ယောက်ပါလာခဲ့ပါတယ် မောင်နှမ၃ယောက်ထဲမှာမှ နိုအာက ဒီခရီးကို လည်ပတ်ဖို့ စိတ်အားအထက်သန်ဆုံးဖြစ်ပြီး ဘုရားကျောင်းနဲ့ ဒဏ္ဍာရီက အမှန်ဆိုတာကို ယုံကြည်ပြီး သက်သေပြဖို့ကို အမြဲကြိုးစားနေခဲ့ပါတယ် ခရစ်ဖော့ဆိုတဲ့ ခရီးသွားလမ်းညွှန်သူနဲ့ တွေ့ဆုံပြီး ဘုရားကျောင်းမြေပုံကို နိုအာက ရပြီးတဲ့နောက် သူ့အစ်မ စေဒီ တားတဲ့ကြားက ဘုရားကျောင်းထဲကို ဝင်ခဲ့ရာ ဘာတွေဆက်ဖြစ်ကြမလဲ ဘုရားကျောင်းက ကျိန်စာသင့်တယ်လို့ လူတွေပြောနေကြတာက ဘာ့ကြောင့်လဲ နိုအာ စေဒီ ဒက်လေ တို့မောင်နှမ ၃ယောက်က ဘုရားကျောင်းထဲမှာ အစိမ်းရောင်မျောက်လိုမျိုး ထူးဆန်းတဲ့ အရာတွေနဲ့ ကြုံတွေ့ပြီး ဘာတွေဆက်ဖြစ်ကြမလဲ နိုအာတို့က ဘုရားကျောင်းရဲ့ ဘုရင် အောလ်မတ်နဲ့ တွေ့ပြီး ကျိန်စာသင့်လူမျိုးစုကို ကယ်တင်နိုင်မှာလား သူတို့မောင်နှမတွေကရော ဘုရာကျောင်းထဲပိတ်မိရာကနေ ပြန်ထွက်နိုင်မှာလားကို  စွန့်စားခန်းတွေနဲ့အတူ စိတ်လှုပ်ရှားစွာ ကြည့်ရှု့ရမည်ဖြစ်ပါတယ် စိတ်ရှုပ်စရာတွေကို မေ့သွားလောက်သည်အထိ ကလေးတွေစွန့်စားခန်းက ဟာသအနှောလေးတွေနဲ့မို့ အပန်းပြေပါစေလို့မျှော်လင့်ရင်း review ကို ဒီနေရာလေးမှာပဲ အဆုံးသတ်လိုက်ပါတယ်
Credit To : www.goldchannelmovies.com
Review & Translate by Htar Inzali
Encode by: Hein Min Htet


Fantastic Beasts and Where to Find Them (2016) - မြန်မာစာတန်းထိုး

လက်ရှိအောင်မြင်နေတဲ့ဇာတ်ကားတကားဖြစ်တဲ့အလျောက် ရုပ်ရှင်ပရိတ်သတ်စိတ်ဝင်စားမှုမြင့်တက်နေတဲ့ ဇာတ်ကားကောင်းတလက်ဖြစ်ပါတယ်။ Flim2mm မှ admin ဖြစ်တဲ့ R!B မှမြန်မာဘာသာပြန်ဆိုထားပြီး cam version ကို တင်ဆက်လိုက်ပါပြီ။ ဒေါင်းသင့်မဒေါင်းသင့် ကြည့်ရှုရန် ScreenShots များတင်ပြပေးလိုက်ရပါတယ်။
r@bp!G
အခုလက်ရှိရုံတင်ပြသနေတဲ့ Fantastic Beasts and Where to Find Them ကတော့ ရုံတင်ပြသပြီးတစ်လခန့်မှာ Global Box Office ဝင်ငွေ $500 million ကျော်ရရှိသွားပြီပဲဖြစ်ပါတယ်။ Harry Potter စာရေးဆရာမဖြစ်တဲ့ J.K. Rowling အတွက် နောက်ထပ်အောင်မြင်မှုမှတ်တိုင်တစ်ခုစိုက်ထူလိုက်နိုင်တယ်ဆိုလဲမမှားပါဘူး။ Fantastic Beasts and Where to Find Them အတွက် Budget $180 million အထိအသုံးပြုခဲ့တာဖြစ်ပြီး အချိန်အတိုင်းအတာကာလတစ်ခုမှာ အခုလိုဝင်ငွေတွေပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ်။
.
လက်ရှိဒီတစ်ပတ် Weekend Box Office မှာတော့ No.2 နေရာမှာရပ်တည်နေတဲ့ Fantastic Beasts and Where to Find Them ကို Director David Yates ကရိုက်ကူးထားပြီး Fantastic Beasts ကိုစုစုပေါင်းဇာတ်ကား ငါးကားအထိရိုက်ကူးသွားမယ်လို့သိရပါတယ်။ လက်ရှိအချိန်ထိတော့ အဆိုပါ 5 ကားလုံးကို Director David Yates ကပဲရိုက်ကူးသွားမယ်လို့သိရပါတယ်။
ပရိသတ်ချစ်တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ ဟယ်ရီပေါ်တာနဲ့ သူ့ရဲ့ Hogwarts ကျောင်းတော်က သူငယ်ချင်းတွေမပါ ၀င်ပေမယ့် သူမရဲ့မှော်ရုပ်ရှင်ဇာတ်ကားသစ် "Fantastic Beasts and Where to Find Them" ဇာတ်ကားကို ပရိတ်သတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်တယ်လို့ စိတ်လှုပ်ရှားနေတဲ့ J.K. Rowling က ပြောပါတယ်။
ငါးကားထွက်ဖို့ စီစဉ်ထားပြီး ပထမဆုံး စတင်ထွက်ရှိမယ့် ဟယ်ရီပေါ်တာကမ္ဘာမှာ ဇာတ်အိမ်တည်ထားတဲ့ "Fantastic Beasts" ရုပ်ရှင်မှာ ပရိသတ်တွေနဲ့ ရင်းနှီးနေတဲ့ နာမည်တွေပါဝင်နေမယ်လို့တော့ ဗြိတိန်စာရေးဆရာမ က ပြောကြားထားပါတယ်။
သူမက သတင်းစာရှင်းလင်းပွဲမှာ “ကျမတို့လုပ်နိုင်တာကို အကောင်းဆုံးလုပ်ပြီးပါပြီ၊ ကျမအမြဲတမ်း ပြောပြချင်နေခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ကို ပြောခွင့်ရပါပြီ၊ ပရိတ်သတ်တွေကလည်း ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
“ဟယ်ရီပေါ်တာဟာ ဒီရုပ်ရှင်ထဲမှာမပါဘူးဆိုတာအမှန်ပါ၊ ဘာကြောင့်လဲဆိုတော့အဲ့ဒီတုန်းက သူဟာမမွေးသေးလို့ပါ၊ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာ အဲ့ဒီမှော်ကမ္ဘာရဲ့အငွေ့အသက်တွေကိုခံစားရမှာ ဖြစ်ပြီး ဇာတ်ကောင်တွေအကြောင်းကိုလည်း ပိုမိုသိရှိရမယ်” လို့သူမကထပ်ပြောခဲ့ပါသေးတယ်။
“Fantastic Beasts and Where to Find Them" ရုပ်ရှင်ဟာ ဟယ်ရီပေါ်တာစာအုပ်ထဲက အဖြစ်အပျက် တွေမဖြစ်ခင် နှစ်၇၀ ကိုဇာတ်အိမ်တည်ထားတာဖြစ်ပြီး ဇာတ်ကောင်အသစ်တွေနဲ့ သူတို့ရဲ့ မှော်ပညာ စွမ်းရည်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၂၆ ခုနှစ်မှာ Newt Scamander ဆိုတဲ့ မှော်တိရစ္ဆာန် ကျွမ်းကျင် ပညာရှင်ဟာ နယူးယောက်မြို့ကို ရောက်လာခဲ့ပြီး သူ့ရဲ့လက်ဆွဲအိတ်ထဲက ထူးဆန်းတဲ့ သတ္တ၀ါတွေ လွတ်သွားတဲ့အကြောင်းကို ရိုက်ထားဖြစ်ပါတယ်။
Credit To : Flim2mm.com
[FORMAT]:………………………….:[ 720p HDCam MP4
[GENRE]:………………………… .:[ Adventure, Family, Fantasy
[FILE SIZE]:……………………….:[ 572 MB
[RESOLUTION]:………………….:[ 720x320
[SUBTITLES]:……………………….:[ မြန်မာ Hardsub
[RELEASE RUNTIME]:………………….:[ 2h 13mins
[iMDB RATING]:……………………..:[ 7.8/10

ScreenShots



 
 

Sun Shine (2007) - မြန်မာစာတန်းထိုး


2007 ခုနှစ်ကထွက်ရှိခဲ့ပြီး IMDb 7.3 တောင်ရရှိခဲ့ပြီး
ဖလင်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Motion Picture ရယ် UK Film ရယ် ပထမဆုံး ပူးပေါင်း
ရိုက်ကူးထုပ်လုပ်လိုက်တဲ့ ဇာတ်ကားလဲ ဖြစ်ပါတယ်
၂၀၅၇ ရောက်ရင် ကမ္ဘာကြီးက အေးခဲပြီး နေမင်းကြီးဟာလည်း ပျောက်ကွယ်သွားမယ်လို့
သိပ္ပံပညာရှင်တွေက ကြိုတင်ခန့်မှန်းခဲ့ကြပါတယ်
အဲ့ဒီ ကြိုတင်ခန့်မှန်းချက်တွေကိုလေ့လာဖို့အတွက် မာကျူရီ
ဂြိုလ်ပတ်လမ်းအတွင်းမှာ သွားရောက်လေ့လာဖို့အတွက် အိုက်ကာရပ်စ် အမှတ်၁
စူးစမ်းလေ့လာရေး ယာဉ် ကိုစေလွတ်ခဲ့ရာ အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့ပြီး
နော်က ၇နှစ်အကြာမှာ အိုက်ကာရပ်စ် ၂ ကိုစေလွှတ်ရာမှာ စွန်းစားမှုတွေ
ရှာဖွေတွေ့ရှိမှုတွေကို သဲထိပ်ရင်ဖို အသဲ ကျိန်းဖွယ်ရာရိုက်ကူးပြသထားတာပါ
ကဲ အားပေးလိုက်ကြပါအုံးဗျ



Lagaan: Once Upon a Time in India (2001) - မြန်မာစာတန်းထိုး

Aamir Khan ဟာ 2001 ခုနှစ်မှာ Production Company တစ်ခုကိုတည်ထောင်ခဲ့ပြီး အဲ့ဒီ Company နာမည်ကတော့ Aamir Khan Production ပဲဖြစ်ပါတယ်။ သူ Company စထောင်ပြီးခြင်းပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ Lagaan ဆိုတဲ့ကားပဲဖြစ်ပါတယ်။ အဲ့ဒီကားမှာသူဟာခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ပါဝင်ခဲ့ပါတယ်။ အဲဒီဇာတ်ကားဟာ India တစ်နိုင်ငံလုံးမှာ သိသိသာသာ နာမည်ကြီးကျော်ကြားခဲ့ပြီး ထင်ထားတာထက်ပိုမိုအောင်မြင်လာပြီး အကယ်ဒမီပေါင်း 74 ခုအထိရရှိခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းမှာ- မိုးခေါင်ရေရှားလို့ ဗြိတိသျှ အစိုးရကို ဆက်ကြေးမပေးနိုင်တော့တဲ့အခြေအနေကစပြီး ရွာတရွာမှ စိတ်ဓါတ်ပြင်းပြတဲ့လူငယ်လေးဦးဆောင်တဲ့ ခရစ်ကတ် အသင်းနဲ့ ဗြိတိသျှဘက်မှ ကပ္ပတိန် ဦးဆောင်တဲ့ ခရစ်ကတ်အသင်းတို့ လောင်းကြေးပွဲတပွဲဖြစ်ခဲ့ပါတယ်။ နိုင်လျှင် အခွန်ရှောင်ခွင့် သုံးနှစ်ခံစားရမှာဖြစ်ပြီး ရှုံးလျှင် သုံးဆ အခွန်ဆောင်ရမည်ဟု သတ်မှတ်ထားသောလောင်းကြေးမှာ ခရစ်ကက် လုံးဝမကစားတတ်သော ရွာသားများအတွက် ဘဝနှင့်ရင်းရသောပြိုင်ပွဲဖြစ်လာပေသည်။ သေလျှင်မြေကြီး ရှင်လျှင်ရွှေထီးဟုခံယူထားသောလူငယ်လေးအတွက် သူ့ရွာကို ဘယ်လိုစည်းရုံးပြီး ဘယ်လိုလေ့ကျင့်မလဲ၊ အခက်အခဲပေါင်း သောင်းခြောက်ထောင်ကို ဘယ်လို ကျော်လွှားမလဲဆိုတာကိုတော့.....
Credit To : Flim2mm.com
IMDB 8.2 အထိရထားတဲ့ bollywood ဇာတ်ကားကောင်းဟာ 3h:44mins အထိကြာမြင့်တဲ့အတွက် ဇာတ်လမ်းတော်တော်ရှည်တယ်လို့ပြောလို့ရမှာပါ။ 1GB ဖြင့် ဒေါင်းလုပ်ယူနိုင်ကြပါပြီ

The Rock (1996) - မြန်မာစာတန်းထိုး


IMDb (7.4/10)…Rotten Tomatoes (66%)
မင်းသားကြီးရှောင်ကွန်နရီ နဲ့ နီကိုလပ်ကေ့ခ်ျ တို့အဓိကပါဝင်ထားတဲ့ ဒီဇာတ်ကားကြီးဟာ Armageddon,Transformers ဇာတ်ကားတွေကို ဖန်တီးသူ ဒါရိုက်တာ Michael Bay ရဲ့ နောက်ထပ်လက်ရာကောင်းဇာတ်ကားတစ်ကားဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ လျှို့ဝှက်စစ်ဆင်ရေးတိုက်ပွဲတွေမှာ အသက်စွန့်ခဲ့ရပေမယ့် ဘာဂုဏ်ပြုမှတ်တမ်းမှ မရေးထိုးပေးဘဲ ချောင်ထိုးခံလိုက်ရတဲ့ ကျဆုံးစစ်သည်နဲ့ မိသားစုတွေအတွက်  ရင်နင့်နေတဲ့ အမေရိကန်ဗိုလ်ချုပ်ဖရန့်ဟမ်းမဲလ်….
ဘယ်သူမှဖဖောက်နိုင်တဲ့ထောင်ကို ဖောက်ထွက်ပြေးခဲ့ဖူးတဲ့ နာမည်ကြီးထောင်ဖောက်သမားကြီး ဂျွန်မေဆင်….
FBI ဌာနရဲ့ ဓါတုဗေဒ ပညာရှင် ဂွတ်စပိဒ်….
ဒီလိုထိပ်တန်းလူသုံးယောက် ကိုယ့်ခံယူချက် ယုံကြည်ချက်အတွက် တိုက်ပွဲဝင် ထိပ်တိုက်တွေ့ဆုံရာဝယ်………….။
ကြည့်သင့်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်….မင်းသားကြီးတွေရဲ့ သရုပ်ဆောင်မှုတွေ အသောအထေ့တွေက အသက်ဝင်လွန်းပါတယ်။နီကိုလပ်ကေ့ခ်ျကို ငယ်ရွယ်နုပျိုစွာမြင်ရတာကလဲ အတော်ပဲ ကြည့်ပျော်မှာပါ။
(Myo Min Aung မှခံစားတင်ထားပါတယ်။)

Credit To : www.channelmyanmar.org

File size…(1.1GB)
Quality…Blu-Ray Rip 720p
Format…mp4
Duration….02:16:29
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

 

Watch And Download Pcloud (1.1GB)

 

Watch And Download Direct Link (1.1GB)

 

Watch And Download Pcloud (470MB)

 

Watch And Download Direct Link (470MB)

Exodus: Gods and Kings (2014) - မြန်မာစာတန်းထိုး

ဘီစီ ၁၃၀၀ က တော်ဝင် မိသားစုဝင်စစ်သူကြီးတစ်ယောက် ဖြစ်တဲ့ မိုးဇက်ဟာ ဟစ်တိုက်စ်စစ် တပ်ကို မင်းသားရမ်မက်ဇက်နဲ့ အတူ တိုက်ခိုက်ခဲ့ပါတယ်။ ဖာရို ဘုရင်ဆေတီက မိုးဇက်နဲ့ ရမ် မက်ဇက်တို့တစ်ယောက်ကိုတစ် ယောက် ကယ်ဆယ်ရင်း ခေါင်း ဆောင်ဖြစ်လာမယ်ဆိုပြီး ဟော ကိန်းထုတ်ခဲ့ပါတယ်။ ဟစ် တိုက်စ်စစ်တပ်နဲ့ တိုက်ပွဲဖြစ်ရာ မှာ အသက်အန္တရာယ်ကြုံခဲ့တဲ့ရမ် မက်ဇက်ကို မိုးဇက်က ကယ်တင် ခဲ့ပါတယ်။

အဲဒီနောက်တော့ မိုးဇက် ဟာ ဟေဗြဲကျွန်တွေကို ကြီးကြပ် သူ စိတ်ယုတ်စိတ်မာရှိတဲ့ ဝိုက် ရွိုင်ဟီဂပ်ရှိရာပီသွန်မြို့ကို စေ လွှတ်ခြင်းခံရပါတယ်။ မိုးဇက် ရောက်တဲ့အချိန်မှာတော့ ဂျော့ရှ် ပါဆိုသူတစ်ယောက်ကို ဆိုးဆိုး ရွားရွားအခြေအနေနဲ့တွေ့ခဲ့ရပြီး နန်ဆိုတဲ့ဟေဗြဲလူမျိုးကောင်လေး တစ်ယောက်နဲ့ပါဆုံခဲ့ရပါတယ်။ နန်ရဲ့ညီမလေး မီရီယမ်ကိုဖာရို ဘုရင်ဆီပို့ခဲ့တဲ့အကြောင်းပါ သိခဲ့ ရတဲ့အတွက် မိုးဇက်ဒေါသထွက် ခဲ့ရပါတယ်။

ဖာရိုဘုရင်ဆေတီသေဆုံးခဲ့ ပြီးနောက် မန်ဇစ်မြို့ကို မိုးဇက်ပြန်ရောက်ချိန်မှာတော့ ရမ်မက် ဇက်က ဖာရိုဘုရင် ဖြစ်နေပါပြီ။ ဟီဝပ်က မိုးဇက်ရဲ့ မျိုးရိုးမှန်ကို ထုတ်ဖော်ပြောကြားခဲ့ပေမယ့် ရမ် မက်ဇက်က ယုံကြည်ဖို့ ခက်ခဲနေခဲ့ပါတယ်။ တစ်ရက်မှာတော့ ဘုရင်မတူရာဆီမှာ အစေအပါး လုပ်နေတဲ့ မီရီယမ်အကြောင်းမေး မြန်းခဲ့ပါတယ်။ ရမ်မက်ဇက်က မီရီယမ်ရဲ့ လက်ကိုဖြတ်ဖို့ လုပ်ချိန်မှာ မိုးဇက်က ဝင်ကယ်ခဲ့ပြီး သူဟာ ဟေဗြဲလူမျိုးတစ်ယောက်ဖြစ်ကြောင်း ဖွင့်ပြောခဲ့ပါတယ်။ ဘုရင်မ တူရာက မိုးဇက်ကိုသတ်ခိုင်းချင်ပေမယ့် ရမ်မက်ဇက်ကတော့ အီဂျစ်ကနေ ပြည်နှင်ဒဏ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက် သဲကန္တာရဘက်ကိုထွက်သွားခဲ့တဲ့မိုးဇက်ဟာ အိမ်ထောင်ကျခဲ့ပြီးသားတစ်ယောက်ပါ ထွန်းကားခဲ့ပါတယ်။ နောက်ကိုးနှစ်ကြာတဲ့အခါ အီဂျစ်ကိုပြန်သွားခဲ့ပြီး နန်းဂျော့ရှဝါတို့နဲ့ ပြန်ပေါင်းစည်းခဲ့ပါတယ်။ အဲဒီမှာ ဘုရားသခင်ရဲ့ တမန်တော်ဆိုတဲ့ မာလက်ဟာ အီဂျစ်မှာကပ်ဆိုး ၁၀ မျိုးကျရောက်ပြီး ဘေးဒုက္ခကြုံမယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။

အီဂျစ်မှာ ဘယ်လိုဘေးဒုက္ခတွေကြုံရမှာလဲ။ မိုးဇက်ကကော ဘာတွေအကူအညီပေးဦးမှာလဲ။ သမ္မာကျမ်းစာမှာပါတဲ့ မိုးဇက်ရဲ့ ပညတ်တော် ၁၀ ပါးနဲ့ပတ်သက်တဲ့အကြောင်းအရာကိုပါရှုစားရမှာဖြစ်လို့ ပရိသတ်တွေအတွက် စိတ်ဝင်စားဖို့ကောင်းတဲ့ဇာတ်လမ်းတစ်ခုပါပဲ။ မိုးဇက်နေရာ က ခရစ်ရှန်ဘေးလ်၊ ရမ်မက်ဇက်အဖြစ် ဂျိုရယ်အက်ဂါတန်ဆေတီအဖြစ် ဂျွန်တာတာရှိတို့က သရုပ်ဆောင်ပေးထားတာပါ။

ရုပ်ရှင်အညွှန်း - 7daydaily
Credit To : Flim2mm.com 
IMDB 6.1 ရထားတဲ့ဇတ်ကားဟာ 2h:30mins ကြာမြင့်ပါတယ်။ 691 MB နဲ့ အောက်ကလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။
 
 

Midnight Special (2016) - မြန်မာစာတန်းထိုး

ဇာတ်လမ်းအဖွင့်ကတည်းက သောက်ရမ်းလန်းပါတယ်။ sci-fi thriller ဆိုတာ ခဏလေးအတွင်းမှာဘဲ လုံလုံလောက်လောက် ခံစားလိုက်ရတယ်။ ဇာတ်လမ်း အသိမ်းပိုင်းမှာလည်း မြင်လိုက်ရတဲ့ အရာတွေကြောင့် ပါးစပ် အဟောင်းသား ဖြစ်ခဲ့ရတယ်။ တကယ်တော့ တစ်ကားလုံးမှာ ဆန်းကြယ်တာတွေ စိတ်လှုပ်ရှားစရာတွေနဲ့ ထင်မှတ်မထားတာတွေ အပြည့်ပါ။ Midnight Special ဟာ sci-fi အနေနဲ့ အတော် စိတ်ဝင်စားစရာကောင်းပြီး thriller အနေနဲ့ ဖျော်ဖြေမှုတော်တော်ပေးနိုင်တဲ့ ကားလေးပါ။

Credit To : Flim2mm.com
IMDB 6.7 ရထားတဲ့ဇာတ်ကားဟာ 1h:52mins ကြာမြင့်ပါတယ်။
 အောက်ပါလင့်ခ်များမှာ ဒေါင်းယူကြည့်ရှု နိုင်ပါပြီ။


Miss Peregrine’s Home For Peculiar Children(2016) - မြန်မာစာတန်းထိုး


2016 စက်တင်ဘာမှာ ရုံတင်သွားတဲ့ ကားကောင်းတစ်ကားကို ဘာသာပြန်ပြီး တင်ပေးထားပါတယ်။ စာရေးဆရာ Ransom Riggs ရဲ့ Bestseller စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Harry Potter, Percy Jackson နဲ့ Narnia တို့လို Fantasy တွေ Adventure တွေကို ချစ်သူတွေအတွက်တော့ နောက်ထပ်လှပတဲ့ ကမ္ဘာသစ်တစ်ခုကို တွေ့မြင်ရဦးမှာပါပဲ။ IMDb 7.1 ရထားပါတယ်။
ဇာတ်လမ်းအကျဉ်းမှာတော့ ဂျိတ်ခ်ဆိုတဲ့ လူငယ်လေးကို အဖိုးဖြစ်သူဟာ ငယ်စဉ်ကတည်းက ဆန်းကြယ်တဲ့ အစွမ်းရှိတဲ့ကလေးတွေနဲ့ သူတို့ကို စောင့်ရှောက်သူ ကျောင်းအုပ်ဆရာမကြီး Peregrineအကြောင်းကို ပြောပြလေ့ရှိပေမယ့် ပုံပြင်တွေအဖြစ်သာမှတ်ယူခဲ့ပါတယ်။ တစ်နေ့မှာတော့ အဖိုးဖြစ်သူဟာ ထူးဆန်းတဲ့သေဆုံးမှုနဲ့သေဆုံးသွားပြီး ဂျိတ်ခ်ဟာ အဖိုးဆီကိုလာတဲ့ ပို့စ်ကဒ်လေးမှတဆင့် ဝေလနယ်ရဲ့ ကျွန်းပေါ်က ကလေးထိန်းအိမ်လေးကို သွားရှာမိတဲ့အခါ…လူတွေမသိတဲ့ အချိန်ကာလတွေ..အစွမ်းတွေ..ရန်သူတွေကြားမှာ သူနဲ့သူ့အဖိုးဟာ ဘယ်လိုအစွမ်းရှိတဲ့လူတွေလဲဆိုတာ သိလာပါတော့တယ်။

Credit To : www.channelmyanmar.org

File Size     :   900/450 Mb
Duration   :   2 hr 7 min
Quality       :   720 HDrip
Format       :   MP4
Translator :   Tariq Khant Min
Encoder      :   Littleneo

 

Watch And Download Pcloud (900MB)

 

Watch And Download Direct Link (900MB)

 

Watch And Download Pcloud (450MB)

 

Watch And Download Direct Link (450MB)

Madaari (2016) - မြန်မာစာတန်းထိုး

2016 ရဲ့ IMDB rating များများရထားတဲ့ ဘောလီးဝုဒ်ဇာတ်ကားတကားတင်ပေးလိုက်ပါတယ်။ ဘောလီးဝုဒ် အကျော်အမော် အာဖန်ခမ်း ပါဝင် သရုပ်ဆောင်ထားသည့် Madaari ဇာတ်ကားသည် ဖြန့်ချိခဲ့ပြီး နောက် မကြာမီ အိန္ဒိယ ရူပီး ၅ ဒသမ ၇၅ ကုဋေ အထိ ရရှိ ခဲ့ကြောင်း သိရသည်။ အဆိုပါ ဇာတ်ကားသည် Box Office တွင်လည်း ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း သိရသည်။ ယင်း ဇာတ်ကားသည် ဖခင်နှင့် သားဖြစ်သူတို့ အကြား ထားရှိသည့် သံယောဇဉ်ကို ညွှန်းဖွဲ့၍ ဒါရိုက်တာ နီရှီကန့်ကာမတ်က ရိုက်ကူးထားခြင်း ဖြစ်သည်။ ယင်းဇာတ်ကားတွင် မင်းသား အာဖန်ခမ်း အပြင် ဂျမ်မီရှာဂေးလ်၊ ဗီရှရှ်ဘန်ဆဲလ်၊ တူရှာဒဲလ်ဗီ၊ နီတီရှ်ပန်ဒီနှင့် အေရှာရာဇာ တို့က ပါဝင် သရုပ်ဆောင်ထားကြောင်း သိရသည်။

IMDB 7.7 ရရှိနေဆဲ ၄င်းဇာတ်ကားသည် ပြသချိန် 2h:13mins ကြာမြင့်ပါတယ်။ 837 MB ဖြင့် အောက်ပါလိင့်ခ်တွင် ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။


The Ant Bully (2006) မြန်မာစာတန်းထိုး


Imdb - 5.9/10


လူးကပ်စ် လို့ခေါ်တဲ့ ကောင်လေးဟာ ကျောင်းမှာ အရှုံးသမားတစ်ယောက်အဖြစ် အမြဲအနိုင်ကျင့်ခံနေရလေ့ရှိတဲ့ ကောင်လေးတစ်ယောက်ပါ.။ အနှိမ်ခံ အနိုင်ကျင့်ခံ ရာမှဖြစ်ပေါ်လာတဲ့ ဒေါသတွေနာကျည်းမှု့တွေကို သူ့အိမ်ခြံဝင်းထဲမှာရှိတဲ့ ပုရွက်ဆိတ်တွေ အပေါ်ကိုပုံချပြီး ပုရွက်ဆိတ်တွေရှိတဲ့တောင်ပို့ကြီးကို ရေသေနတ်နဲ့ပစ် ခြေထောက်နဲ့ နင်းချေစသည်ဖြင့် အမျိုးမျိုး ဒုက္ခပေးလေ့ရှိပါတယ်.။
     လူးကပ်စ်ရဲ့ ဒုက္ခပေးမှု့ကို ခံရပါများလာတဲ့ ပုရွက်ဆိတ်တွေဟာ မခံမရပ်နိုင်တဲ့ အဆုံးမှာ ပြန်လဲကလဲ့စားချေဖို့လုပ်ဆောင်ကြပါတော့တယ်.။
ပုရွက်ဆိတ်တွေရဲ့ မှော်ဆေးရည်အစွမ်းနဲ့လူးကပ်စ်ကို ပုရွက်ဆိတ်အရွယ်အစားဖြစ်အောင် ပြုစားလိုက်ကြပြီး ပုရွက်ဆိတ်ကမ္ဘာမှာ လူးကပ်စ် ဘ၀အတွက်သင်ခန်းစာတွေကို စသင်သင်ကြားရပါတော့တယ်.။
ဟာသ ဘ၀သင်ခန်းစာ အက်ရှင် စတာတွေနဲ့ ရောမွေထားတဲ့ Ant Bully ဆိုတဲ့ ကာတွန်းဇာတ်ကားကောင်းလေးကို ခံစားရင်း ဘ၀အမောတွေပြေနိုင်ကြပါစေ..။

Credit To : www.goldchannelmovies.com
Translate by: Showy Shane
Encode by: Hein Min Htet
Quality -720P HD
Size 800MB


Inferno 2016 - မြန်မာစာတန်းထိုး


ဒီဇာတ်ကားဟာ မင်းသားကြီးတွမ်ဟန့်ရဲ့ နာမည်ကျော် ဒါဗင်ချီကုဒ် နဲ့ Angels and Demons ဇာတ်ကားအပြီးမှာ ထွက်လာတဲ့ ၃ ကားမြောက်ဇာတ်လမ်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းမှာတော့ ပါမောက္ခလန်ဂ်ဒန်ဟာ ဆေးရုံတစ်ခုမှာ မှတ်ဥာဏ်တွေပျောက်ဆုံးပြီးမှ ခေါင်းဒဏ်ရာကြီးနဲ့ နိုးလာခဲ့ပြီး လက်ထဲမှာလည်း အစိုးရအဖွဲ့တွေက အသည်းအသန်လိုက်နေတဲ့ ငရဲရဲ့မြေပုံ ပဟေဠိတစ်ခုတွေ့လာတဲ့အခါ…..မှတ်ဥာဏ်တွေ တဖြည်းဖြည်းပြန်ပေါ်လာရင်း သဲလွန်စတွေနောက်ကိုလိုက်ရင်း ကမ္ဘာကြီးရဲ့ သေရေးရှင်ရေးဟာ ဒီပဟေဠိအပေါ်မူတည်နေမှန်း သိလိုက်ရတဲ့အချိန်မှာတော့…..။

Credit To : www.channelmyanmar.org

File Size     :   900 Mb
Duration    :   02: 02: 00
Quality        :   1080p HC Webrip
Format        :   MP4
Translator  :   Littleneo, Tariq
Encoder      :   Littleneo

 

Watch And Download Pcloud (900MB)

 

Watch And Download Direct Link (900MB)

 

Watch And Download Pcloud (350MB)

 

Watch And Download Direct Link (350MB)

 

 

Mohenjo Daro (2016) - မြန်မာစာတန်းထိုး


BC 2016 ခုနှစ်မှာ Mohenjo Daro မြို့ထဲမှာ ဖြစ်ပွားခဲ့တဲ့ လယ်သမား၊ တံငါသည်တို့ရဲ့ တော်လှန်ရေးအကြောင်းကို အခြေပြုရိုက်ကူးထားတဲ့ ဇာတ်လမ်းအသစ်ဖြစ်ပါတယ်။

လက်ပွားမင်းသားလို့လူသိများတဲ့ နာမည်ကြီးမင်းသား Hrithik Roshan ခေါင်းဆောင်ပါဝင်ထားတဲ့ အက်ရှင်ဇာတ်လမ်းဖြစ်ပါတယ်။Mohenjo Daro ရိုက်ကူးရေးအတွက် ဘက်ဂျက် Rs.100 cr မှာ တဝက်က မင်းသား Hrithik ကိုပေးခဲ့ရပြီး Bollywood ရုပ်ရှင်လောကရဲ့ အများဆုံးသရုပ်ဆောင်ကြေးရရှိသူ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်


Credit To : Flim2mm.com
IMDB 6.5 ရထားတဲ့ ဘောလီးဝုဒ်အက်ရှင်ဇာတ်ကားဟာ 2h:35mins ကြာမြင့်ပြီး 998 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းယူကြည့်ရှုနိုင်ပါပြီ။



Tale From Earth Sea (2006) မြန်မာစာတန်းထိုး

Imdb - 6.5/10
အခု ဇာတ်ကားလေးကတော့ နာမည်ကြီး Studio Ghibli ကထွက်ရှိတဲ့ anime ကားဟောင်းလေးပဲဖြစ်ပါတယ် ..
A Wizard of Earthsea, The Tomb of Atuan, The Farthest Shore နောက်ပြီး Tehanu စတဲ့ ပုံပြင်အတိုလေးတွေကိုပေါင်းစည်းပြီး Tales From EarthSea လို့နာမည်တပ်ထားရတာပါ..
ဇာတ်လမ်းအကျဉ်းကတော့ Arren ဆိုတဲ့ ကောင်လေးရဲ့ အဖေက ဘုရင်ကြီးတစ်ပါးဖြစ်ပါတယ်
. Arren မှာသူ့ စိတ်ကထင်နေတဲ့ အကြောက်တရားရှိပါတယ်.. အဲ့အကြောက်တရားက သူ့ ရဲ့ ပုံရိပ် ပါပဲ... တစ်နည်းအားဖြင့် သူ့ ရဲ့စိတ်ကထင်တဲ့သူနဲ့ပုံစံတူပုံရိပ်တစ်ခုပါ အဲ့ဒိ ပုံရိပ်လေး က သူ့ ကိုကူညီချင်ပေမဲ့ သူက သူ့ ရဲ့ ပုံရိပ်လေးကိုမြင်တိုင်း ကြောက်ပြီးထွက်ပေးနေတတ်ပါတယ်. နောက်ပြီးသူ့ မှာ အကြောက်တရား တွေဖုံးပြီးအသိစိတ်လွတ်သွားတဲ့အခါတွေရှိပါတယ်.. အဲ့ အသိစိတ်လွတ်သွားတဲ့တစ်နေ့က သူ့ ရဲ့အဖေကို ပြန်သတ်ပြီး သူ့ အဖေဆီက ဓားကိုခိုးပြီးအိမ်ကထွက်ပြေးခဲ့ပါတယ် ဓားကပုံမှန်ရိုးရိုးဓားမဟူတ်ပါဘူး ​မှော်​အတတ်​နဲ့စီမံထားတဲ့ ဓားပါ Arren တို့မျိုးရိုးကသာ ဓားကို ဓားအိမ်​ထဲကထုတ်နိုင်မှာဖြစ်ပါတယ်.. သူထွက်ပြေးရင်းနဲ့ မြေခွေးတွေလိုက်လို့အမြန်ပြေးခဲ့ရပါတယ် အဲ့မှာ Sparrowhawk ဆိုတဲ့ wizard ကသူ့ ကိုကယ်တင်ခဲ့ပါတယ်.. Sparrowhawk က Archmage Wizard ဖြစ်ပါတယ် Archmage ဆိုတာ အဲ့ဇာတ်ကားထဲမှာတော့ မှော်ဆရာတွေထဲမှာ အတော်ဆုံးလို့ဆိုလိုပါတယ်.. Arren ကိုသူနဲ့လိုက်ဖို့ဖိတ်ခေါ်ပြီး Hort မြို့တော်ကို ဆက်ပြီးသွားခဲ့ပါတယ် အဲ့ဒိမြို့မှာ Therru ဆိုတဲ့ကောင်မလေးကို ရန်သူတွေက ကျွန်အဖြစ်ဖမ်းနေတာတွေ့ လို့ Arren ကသွားကူညီခဲ့ပါတယ် Therru ဟာ witch တစ်ယောက်ပါ... အဲ့တာကို Arren ကမသိခဲ့ပါဘူး. နောက်တော့ Arren က သူ့ ကိုကယ်ပြီး ငှါးထားတဲ့ Hotel ကိုမပြန်တတ်လို့ အဲ့နားကလှေကားနားမှာအိပ်နေခဲ့ပါတယ် အိပ်နေရင်းပဲ သူ့ တိုက်ခိုက်ခဲ့တဲ့ ကျွန်ဖမ်းသမားတွေက ဖမ်းသွားပြန်ပါတယ် သ့း ကိုဖမ်းသွားတဲ့ လမ်းမှာပဲ Sparrowhawk ပြန်ကယ်တင်ခဲ့ပါလေရော... အဲ့လိုနဲ့ Sparrowhawk ရဲ့သူငယ်ချင်း Tenar တို့အိမ်မှာတည်းခဲ့ပါတယ် နောက်တစ်နေ့ Sparrowhawk မရှိတဲ့နေ့မှာ Arren က သူက Tenar တို့ကို ဒုက္ခပေးနေတယ်ထင်လို့ထွက်သွားပါတယ် အဲ့ဒီအချိန်မှာပဲ Tenar ကို Lord Cob ကဖမ်းခေါ်သွားပါတယ် Arren ကသူ့ ရဲ့ ပုံရိပ်ကိုကြောက်လို့ထွက်ပြေးရင်း Lord Cob ကဖမ်းသွားပြန်ပါရော.. Sparrowhawk လို့ကယ်တင်ဖို့သွားရင်းမှော်စွမ်းအားအလုံအလောက်မရှိလို့ အဖမ်းခံခဲ့ရပါတယ်.. အဲ့မှာ Therru ဟာ Arren ကို သူ့ ရဲ့ ဓားပြန်ပေးရင်း Lord cob နဲ့ တိုက်ကာ ဘယ်လိုဆက်ဖြစ်လာမလဲ.. Sparrowhawk သေမလားဆိုတာ ကြည့်ရှုခံစားကြရအောင်ဗျာ....


Credit To : www.goldchannelmovies.com
Review & Translate by: Thura Tun
Encode by: Hein Min Htet
Quality -720P Br-Rip
Size - 700MB




 

Doctor Strange (2016) - မြန်မာစာတန်းထိုး


ယခုလက်ရှိ ရုံတင်နေဆဲ ဒေါက်တာစထရိန်းကို cam version နဲ့ တင်ပေးလိုက်ပါတယ်။ cam version ဆိုတဲ့အတွက်ကြောင့် ကွာလတီအကောင်းမဟုတ်ပါဘူး၊ အကြည်မဟုတ်ပါဘူးဆိုတာ  သသေချာချာပြောပါရစေ။ ဒေါင်းပြီးမှ တောက်တခေါက်ခေါက်ဖြစ်နေမှာစိုးလို့နော်။ နမူနာအနေနဲ့  screen short တင်ပေးလိုက်ပါတယ်။

ရုပ်ရှင်အညွှန်း~~~

Stephen Strange ဆိုတာ ကမ္ဘာပေါ်မှာ အတော်ဆုံး အာရုံကြောခွဲစိတ် ဆရာဝန်တစ်ယောက်။ မာနလည်းကြီးပြီး မောက်မာတယ်။ တစ်ရက်မှာတော့ ကား အက်ဆီးဒင့်ဖြစ်ပြီး ဒဏ်ရာအကြီးအကျယ်ရသွားတဲ့အတွက် လက်ဟာ အမြဲတုန်နေလို့ ခွဲစိတ်လို့ လုံးဝမဖြစ်နိုင်တော့ဘူး။ စာသင်စားလို့ရပေမဲ့လည်း မာနကြီးတဲ့ Strange က သူ့လက်ပြန်ကောင်းအောင် ကမ္ဘာပတ်ပြီး နည်းလမ်းရှာပါတယ်။ အဲမှာတော့ Ancient One ဆိုတဲ့ မှော်ဆရာ တစ်ယောက်နဲ့  တွေ့ရာက   မှော်အတတ်ကို သင်ကြားဖြစ်ခဲ့ပြီး Strange ဟာ ကမ္ဘာ့အတော်ဆုံးနဲ့ အစွမ်းထက်ဆုံး မှော်ဆရာ Supreme Sorcerer Doctor Strange ဆိုတာဖြစ်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

Marvel ရဲ့ အဓိကဇာတ်ကောင်တစ်ယောက်ဖြစ်ပြီး ထွက်ရှိနေတဲ့ Marvel Cinematic Universe နဲ့ချိတ်ဆက်ထားပါတယ်။ နောက်ပိုင်း Infinity War တွေမှာလည်း ပါလာဖို့ရှိပါတယ်။ Doctor Strange အဖြစ် Sherlock Series နဲ့ နာမည်ကျော်တဲ့ Benedict Cumberbatch က သရုပ်ဆောင်ပြီး Scott Derrickson ကရိုက်ကူးပါတယ်။ Marvel Entertainment က ထုတ်လုပ်ပြီး Disney က ဖြန့်ပါတယ်။
ရုပ်ရှင်အညွှန်း -  Datshin

Credit To : Flim2mm.com
IMDB 8.0 ရရှိနေပြီး box office မှာ ဦးဆောင်နေတဲ့ ဇာတ်ကားဟာ 1h:55mins ကြာမြင့်ပါတယ်။  515 MB နဲ့ အောက်ပါလင့်ခ်မှာ ဒေါင်းနိုင်ပါပြီ။

Screen Shorts


 
 

Interstellar & Science of Interstellar (2014) မြန်မာစာတန်းထိုး


Imdb - 8.6/10

( မင်္ဂလာပါ၊ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ အားပေးမှု တခဲနက်ရရှိခဲ့တဲ့ Interstellar ကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ အနှစ်သာရပြည့်ဝတဲ့ ရုပ်ရှင်ကားကို ပိုမိုလေးနက်စေလိုတဲ့အတွက် Interstellar ရဲ့ Documentary Movie ကိုပါ ပူးတွဲတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျ၊ Movie အပေါ် ကောင်းစွာ ဝေဖန်သုံးသပ်ပြထားတဲ့ Datshin facebook page နဲ့ MySQUAR website ကို အထူးတလည် ကျေးဇူးတင်ရှိပါကြောင်း Credit ပေးပါတယ်ခင်ဗျာ။ ရွှင်လန်းချမ်းမြေ့ကြပါစေ။ ) https://www.facebook.com/DatshinReviews/
http://mysquar.com/

#MySQUAR_Moviereview
Movie Review မတင်ဖြစ်တာကြာပြီ ဆိုပေမဲ့ ဒီတခါတော့ တကယ်ကောင်းတဲ့ ကားတစ်ကားနဲ့ ပြန်ရေးလိုက်ပါပြီ။ ဒီကားကတော့ နိုင်ငံတကာမှာ အောင်မြင်မှု ရခဲ့ပြီး ဝေဖန်သူတွေ ရဲ့ ချီးကျူးမှုကိုလည်း ရခဲ့ပါတယ်။ နောက်ပြီး Box Office မှာလည်း လက်ရှိအချိန်ထိ နံပါတ် ၅ မှာ ရှိနေတုန်းပါ။

ဇာတ်လမ်းကတော့ သိပ်မဝေးတဲ့ အနာဂတ်တချိန်မှာ လူတွေနေတဲ့ ကမ္ဘာမှာ သဲတွေအလွန်များနေပြီး သဲမုန်တိုင်းတွေကြောင့်လည်း လူတွေဟာ အစာရေစာ ရှားပါးမှု ကြုံလာရပါတယ်။ ဒီလူတွေထဲမှာ ယခင် NASA ရဲ့ ယာဉ်မောင်းအဟောင်း Cooper နဲ့သူ့မိသားစုလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူ့သမီး Murph ရဲ့ အခန်းထဲမှာ ထူးဆန်းတဲ့ သင်္ကေတ တချို့ကို တွေ့ခဲ့ပြီး နောက်ဆုံး အဲ့ဒီ သင်္ကေတတွေဟာ Cooper နဲ့ Murph ကို NASA ရဲ့ အထူးလျှို့ဝှက် စီမံကိန်း Lazarus ရဲ့ တည်နေရာ ကို ရောက်သွားပါတယ်။ ဒါနဲ့ပဲ တိုတိုပြောရရင် Cooper တစ်ယောက် မိသားစုကို မထားချင်ဘဲ ထားခဲ့ပြီး လူသားတွေ အခြေချနိုင်ဖို့ နောက် ကမ္ဘာတစ်ခုကို ရှာဖို့ အာကာသထဲ ခရီးထွက်ခဲ့ပါတယ်။ သူတို့ရဲ့ Endurance ယာဉ်ပေါ်မှာ Cooper နဲ့ Amelia အပါအဝင် လူ ၅ ယောက်၊ စက်ရုပ် ၂ ရုပ်တို့ ပါသွားပါတယ်။
သူတို့ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ဟာ အရင်က ကမ္ဘာသစ်ရှာဖို့ ထွက်ခဲ့တဲ့ အာကာသယာဉ်မှူးတွေ အခြေချပြီး အခုထိ အချက်ပြနေတဲ့ ဂြိုလ် ၃ ခုကို သွားပြီး ဘယ် ဂြိုလ်မှာ လူတွေ အခြေချနိုင်မလဲ ဆိုတာ ရှာဖွေဖို့ပါပဲ။ ဒါပေမဲ့ သူတို့ ခရီးစဉ် ဟာ မမျှော်လင့်ဘဲ အခက်အခဲတွေ တွေ့ခဲ့ရပြီး သူတို့ အခြေချခဲ့တဲ့ ပထမဆုံး ဂြိုလ် Miller မှာ အာကာသအချိန်ကြောင့် အဲ့ဒီ ဂြိုလ်မှာ ၁ နာရီ ဟာ အပြင်မှာ ၇ နှစ်ကြာမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ နောက်တော့ တခြား ဂြိုလ်တွေကို သွားဖို့ အချိန်ရော၊ ဆီရော မလုံလောက်တော့ပါဘူး။ ပြီးတော့ အိမ်လည်း ပြန်ချင်နေပြီ ဖြစ်တဲ့ Cooper နဲ့ Amelia တို့ ဟာ လူသားတွေ အတွက် သူတို့ အသက်ကို မနှမြောရတော့တဲ့ အခြေအနေတွေ ရောက်လာခဲ့ပါတယ်…။

ဒီဇာတ်ကားဟာ Science Fiction အမျိုးအစားဖြစ်ပြီး သေချာတာကတော့ ဒီကားကို ကြည့်နေတဲ့ အချိန်မှာ တခြားဟာတွေ အကုန်လုံး မေ့သွားမှာပါ။ ဇာတ်ကားထဲမှာ ပါတဲ့ သိပ္ပံ နဲ့ သင်္ချာ အချက်အလက်တွေဟာလည်း တိကျမှန်ကန်လွန်းလို့ ဝေဖန်သူတွေကလည်း ချီးကျူးခဲ့တဲ့ ဇာတ်ကားဖြစ်သလို အတွေ့အကြုံရင့်ပြီးသား ဒါရိုက်တာ Christopher Nolan ဟာလည်း ဒီကားမှာ သူ့ရဲ့ အကောင်းဆုံး လက်ရာကို ချပြနိုင်ခဲ့တယ် လို့ ထင်ပါတယ်။ ကြည့်နေတဲ့ အချိန်မှာတော့ ဒီကားရဲ့ အဓိကအချက်တွေကို နားလည်ဖို့ ခက်ခဲနိုင်တာကြောင့် Dictionary လေးတစ်ခု ရှိရင် ပိုအဆင်ပြေမှာပါ။ ဘာလို့လည်း ဆိုတော့ သူ့ရဲ့ ဇာတ်လမ်းတစ်ခုလုံးဟာ Einstein ရဲ့ Relativity theory ကို အခြေခံပြီး Black Hole, Worm Hole, Space time စတဲ့ ပညာရပ်ဆိုင်ရာ စကားလုံး နဲ့ ရှင်းပြချက်တွေ အများကြီးပါဝင်လို့ပါ။ ဒါပေမဲ့ ကြည့်ရတာ ပျင်းဖို့ ကောင်းမှာ မဟုတ်ဘဲ တကယ်ကြည့်ရတာ တန်မယ့် Interstellar ကို ကြည့်ဖို့ ညွှန်းလိုက်ပါရစေ။ ရုပ်ရှင်ရုံတွေမှာလည်း ရုံတင်နေတယ် လို့ သတင်းကြားထားပါတယ်။

Credit To : www.goldchannelmovies.com
Reviewed by: MySQUAR & Datshin Facebook Page
Encoded by: Zaw Htet Naing
Quality: BRrip 720p 900MB
          : Documentary 250MB




The Tunnel (2016) - မြန်မာစာတန်းထိုး




Tunnel (2016) ဥမင်လိုဏ်ခေါင်းအောက်ကအသက်ရှုသံ မြန်မာစာတန်းထိုး

ထုံးစံအတိုင်းပေါ့ ပြောနေကြအတိုင်းလေးပေါ့  ပရိတ်သတ်တွေကို ဇာတ်ကားအသစ်လေးနဲ့
ထပ်မံမိတ်ဆက်ပေးလိုက်ပါတယ်
. . . . . . . . . .
လီဂျောင်ဆူ ကားအရောင်းဝယ်လုပ်တဲ့သူတစ်ယောက် သမီးရဲ့မွေးနေ့အတွက်မွေးနေ့ကိတ်လေးဝယ်ပြီး ကားနဲ့အိမ်ပြန်လာခဲ့သူ
ကံဆိုးစွာနဲ့ ဥမင်လိုဏ်ခေါင်းတစ်ခုအဖြတ်မှာ လိုဏ်ခေါင်းပြိုကျမှုဖြစ်ပွားခဲ့ပါတယ်
လိုဏ်ခေါင်းအောက်ကအပျက်အစီးတွေကြားမှာရုန်းကန်လှုပ်ရှားရင်းသေမလားရှင်မလား အသက်ရှင်သွားမလားသေမလား
ဆက်ပြောရင်အရသာပျက်သွားမှာမို့ ဒေါင်းလော့သာဆွဲပြီးကြည့်လိုက်ပါတော့
IMDb 6.9 ရထားတဲ့ drama ဇာတ်ကားလေးကိုကြည့်ရှုပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်


Credit To : www.goldchannelmovies.com
Reviewed by: Hein Min Htet
Translated by: Chan Nyein Shein
Encoded by: Sinn Sinn
Quality: 720P





Apocalypse Pompeii (2014) မြန်မာစာတန်းထိုး


မင်္ဂလာပါ၊  ပရိသတ်ကြီးအတွက် အပြောင်းအလဲလေးတစ်ခု အနေနဲ့.. Disaster Movie တစ်ခုကို စီစဉ်တင်ဆက်ပေးလိုက်ပါတယ်။ သဘာဝဘေးအန္တရာယ် ကို နောက်ခံထားပြီး ဇါတ်လမ်း ဇါတ်ညွှန်းတွေရေးဖွဲ့ရိုက်ကူးခဲ့ကြတဲ့အထဲက အထင်ကရ Movie အတော်များများကိုလဲ နောက်ပိုင်းမှာ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ Apocalypse Pompeii ဟာ Title နဲ့ ကိုက်ညီစွာ.. အီတလီ နိုင်ငံ Pompeii မီးတောင်ရဲ့... ဘေးအန္တရာယ်ကို ထင်ဟပ်ပြသထားတဲ့... အတွက်ကြောင့်... ကျွန်တော်တို့ လို  မီးတောင်ရှင်တွေနဲ့ ကင်းဝေးတဲ့အရပ်ဒေသက လူတွေအတွက်.. ဗဟုသုတတစ်ခု အနေဲ့... ကြည့်ရှုစရာ.. လေ့လာစရာ Movie တစ်ခုလို့ ဆိုရမှာပါပဲ။ 2014 ခုနှစ်အတွင်းမှာပဲ ထွက်ရှိခဲ့တဲ့ မင်းသမီး Emily Browning ရဲ့ Pompeii လိုတော့ Romance နဲ့ Drama ဘက် ကို ယှက်နွယ်ထားခြင်းမရှိပါဘူးခင်ဗျ။ အဆိုပါ Pompeii က တကယ့် မူရင်းစာအုပ်ထဲက ခေတ်ကာလကို အခြေံထားတာဖြစ်ပြီး ယခုလက်ရှိ Apocalypse Pompeii ဟာ.. မျက်မှောက်ခေတ်ကို အခြေပြုရိုက်ကူးထားတဲ့တဲ့ Action, Adventure အမျိုးအစားဖြစ်ပါတယ်။ အထူးအေးဂျင့် အဖြစ်ကနေ အနားယူထားတဲ့ commando တစ်ယောက်ဟာ မိသားစု နဲအတူ အီတလီကို အပျော်ခရီးထွက်လာရာက...  Vesuvius တောင်ကြီးဟာ...  ကြီးမားတဲ့ ပြတ်ရွေ့ကြောင်းတစ်ခုရဲ ဖိအားပေးမှုကြောင့် ပြိုလဲကျလာတာနဲ့ ထိပ်တိုက်ရင်ဆိုင်မိကြပုံကို... တန်ဆာဆင် ရိုက်ကူးထားခြင်းပါတယ်။ မိသားစုဝင်တွေနဲ့အတူ.. ပြင်းထန်တဲ့.. အပူလှိုင်းလုံးကြီးတွေ၊ မြင်မြင်ရာ တိုက်စားပစ်နေတဲ့ ချော်ရည်ချော်ခဲတွေရဲ့... အန္တရာယ်က..နေ.. ကျွန်တော်တို့ရဲ့ ဇါတ်ဆောင်မိသားတစ်စု ဘယ်လိုထွက်ပြေးလွတ်မြောက်လာကြမလဲဆိုတာ...  အနားယူချိန်အတွင်းမှာစိတ်အာရုံနစ်မြောစရာတစ်ခုအနေနဲ့..ကြည့်ရှုခံစားနိုင်ပါပြီခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]
Reviewed by: Sugar
Encoded by: Zaw Htet Naing
Quality & Size: HD 720p 900MB
Credit To : www.goldchannelmovies.com





Powered by Blogger.