Latest Movie :

Lagaan: Once Upon a Time in India (2001) - မြန်မာစာတန်းထိုး

Aamir Khan ဟာ 2001 ခုနှစ်မှာ Production Company တစ်ခုကိုတည်ထောင်ခဲ့ပြီး အဲ့ဒီ Company နာမည်ကတော့ Aamir Khan Production ပဲဖြစ်ပါတယ်။ သူ Company စထောင်ပြီးခြင်းပထမဆုံးရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကတော့ Lagaan ဆိုတဲ့ကားပဲဖြစ်ပါတယ်။ အဲ့ဒီကားမှာသူဟာခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ပါဝင်ခဲ့ပါတယ်။ အဲဒီဇာတ်ကားဟာ India တစ်နိုင်ငံလုံးမှာ သိသိသာသာ နာမည်ကြီးကျော်ကြားခဲ့ပြီး ထင်ထားတာထက်ပိုမိုအောင်မြင်လာပြီး အကယ်ဒမီပေါင်း 74 ခုအထိရရှိခဲ့ပါတယ်။
ဇာတ်လမ်းအကျဉ်းမှာ- မိုးခေါင်ရေရှားလို့ ဗြိတိသျှ အစိုးရကို ဆက်ကြေးမပေးနိုင်တော့တဲ့အခြေအနေကစပြီး ရွာတရွာမှ စိတ်ဓါတ်ပြင်းပြတဲ့လူငယ်လေးဦးဆောင်တဲ့ ခရစ်ကတ် အသင်းနဲ့ ဗြိတိသျှဘက်မှ ကပ္ပတိန် ဦးဆောင်တဲ့ ခရစ်ကတ်အသင်းတို့ လောင်းကြေးပွဲတပွဲဖြစ်ခဲ့ပါတယ်။ နိုင်လျှင် အခွန်ရှောင်ခွင့် သုံးနှစ်ခံစားရမှာဖြစ်ပြီး ရှုံးလျှင် သုံးဆ အခွန်ဆောင်ရမည်ဟု သတ်မှတ်ထားသောလောင်းကြေးမှာ ခရစ်ကက် လုံးဝမကစားတတ်သော ရွာသားများအတွက် ဘဝနှင့်ရင်းရသောပြိုင်ပွဲဖြစ်လာပေသည်။ သေလျှင်မြေကြီး ရှင်လျှင်ရွှေထီးဟုခံယူထားသောလူငယ်လေးအတွက် သူ့ရွာကို ဘယ်လိုစည်းရုံးပြီး ဘယ်လိုလေ့ကျင့်မလဲ၊ အခက်အခဲပေါင်း သောင်းခြောက်ထောင်ကို ဘယ်လို ကျော်လွှားမလဲဆိုတာကိုတော့.....
Credit To : Flim2mm.com
IMDB 8.2 အထိရထားတဲ့ bollywood ဇာတ်ကားကောင်းဟာ 3h:44mins အထိကြာမြင့်တဲ့အတွက် ဇာတ်လမ်းတော်တော်ရှည်တယ်လို့ပြောလို့ရမှာပါ။ 1GB ဖြင့် ဒေါင်းလုပ်ယူနိုင်ကြပါပြီ

Share this article :

Post a Comment

Powered by Blogger.