Latest Movie :

24 (2016) - မြန်မာစာတန်းထိုး

Time Travel နဲ့ ပက်​သက်​ပြီး စိတ်​ဝင်​စားတဲ့ သူငယ်​ချင်း​တွေ အတွက်​ IMBd rating 8.5 အထိ​တောင်​ ရရှိဲထားတဲ့ Science Fiction အမျိုးအစား India movie ​လေးနဲ့ မိတ်​ဆက်​​ပေးချင်​ပါတယ်

ဒီ 24 ဆိုတဲ့ ကား​လေးကို ဒါရိုက်​တာ Vikram Kumar က ရိုက်​ကူးခဲ့ပြီး Suriya က သုံးကိုယ်​ခွဲ သရုပ်​​ဆောင်​ထားတာဖြစ်​ပါတယ်

ဒီရုပ်​ရှင်​​လေး က 2009 ခုနှစ်​ကတည်းက ရိုက်​ဖို့ စီစဉ်​ထားတာဖြစ်​​ပေမယ့်​ အ​ကြောင်းအမျိုးမျိုး​ကြောင့်​ ပျက်​ခဲ့ပြီး 2014 ခုနှစ်​မှ ရိုက်​ကူးနိုင်​ခဲ့ပြီး 2016 May လ 6 ရက်​​နေ့က ထွက်​ရှိခဲ့တာ ဖြစ်​ပါတယ်

ဒီကား​လေးထဲမှာ သိပ္ပံပညရှင်​ Dr. Sethuraman အဖြစ်​ Suriya က သရုပ်​​ဆောင်​ထားပြီး၊ သူသည်​ ၁၉၉၀ ဇန်​န၀ါရီ မှာ အများဆုံး ၂၄နာရီစာ ​ခေတ်​ ​ရှေ့​နောက်​ပြန်​သွားလို့ရတဲ့ နာရီ တလုံးကို တီထွင်​ခဲ့တယ်​။

အဲ့ မှာ သူ့ရဲ့ အမွှာ ညီအကို က သူ့ရဲ့ နာရီကို ခိုးဖို့ ကြိုးစား ရာက​နေ သူ့ရဲ့ နာရီ ​ကော အခိုးခံခဲ့ရလား၊ သူ့ရဲ့ နာရီက​ကော ဘယ်​လို အချိန်​ကို ​ရှေ့​နောက်​ ပြန်​ချိန်​လို့ရလဲ ဆိုတာကို​တော့ ဇာတ်​လမ်း​လေးထဲမှာ ဆက်​လက်​ခံစား​ပေးပါ​နော်
 ရုပ်ရှင်အညွှန်း - Updated New Movie Tube


Share this article :

Post a Comment

Powered by Blogger.