Latest Movie :

Alice Through Looking Glass (2016) မြန်မာစာတန်းထိုး



Alice Through Looking Glass ဟာ ၁၈၆၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Charles Lutwidge Dodgson ရဲ့ နာမည်ကြီးဝတ္ထုအတွဲတွေကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းခံရတဲ့ ဒုတိယမြောက် ဇာတ်ကားပဲ ဖြစ်ပါတယ် ဒီဇာတ်ကားဟာ ၂၀၁၀ မှာ ထွက်ရှိခဲ့တဲ့ ပထမ ဇာတ်ကား Alice In Wonderland ရဲ့ sequel ဖြစ်တာနဲ့ အညီ ပထမကားကို ကြည့်ထားမှ နားလည်နိုင်မှာကြောင့် Alice In Wonderland ကို ကြည့်ကြဖို့ တိုက်တွန်းပါရစေ။ မကြည့်ရသေးတဲ့ ပရိသတ်တွေအတွက်လဲ ပြန်တင်ပေးထားပါတယ်။
ခု ဒုတိယဇာတ်ကားဖြစ်တဲ့ Alice Through Looking Glass ရဲ့ ဇာတ်လမ်း အကျဉ်းချုံးအနေအထားကို ပြောရရင်တော့... Alice တစ်ယောက် အပြင် ကမ္ဘာ့မှာ သဘောင်္ကပ္ဗတိန်တစ်ယောက်အဖြစ်နဲ့ စွန့်စားခန်းတွေ ဖွင့်နေရင်း သူ့တိုင်းပြည်ကို ပြန်ရောက်လာတဲ့ အချိန်မှာတော့ သူ့ အမေ့က သူ့ကို သင်္ဘောကို ရောင်းချဖို့ ပြင်ဆင်နေတာကို တွေ့လိုက်ရတဲ့ Aliceတစ်ယောက် သူ့ အမေနဲ့ စိတ်ဆိုးပြီး ထိုင်နေတုန်း အက်ပလွန်ရဲ့ ခေါ်ဆောင်မှူနဲ့ Underland လို့ ခေါ်တဲ့ မှော်ကမ္ဘာထဲကို ပြန်ရောက် လာပါတော့တဲ့။ အဲဒီအချိန်မှာ သူမတွေ့ရှိလိုက်ရတာကတော့ Hatter ရဲ့ စိတ္တဇရောဂါဖြစ်နေတဲ့ အခြေအနေပါပဲ။ အဲဒီ စိတ်ရောဂါကက ဘာကြောင့် ဖြစ်နေရတာလဲ ????
Alice တစ်ယောက် Mad Hatter နဲ့ Underland ရဲ့ ကံကြမ္မာ ကို ကယ်တင်ဖို့အတွက် သူမ သူငယ်ချင်းတွေရဲ့ အကူအညီတွေကို ယူပြီး အချိန်နောက်ပြန် ခရီးသွားရပါတော့မယ် မိစ္ဆာမကြီး Red Queen နဲ့ နာရီ တစ်ဖြစ်လဲ Timeတို့ကို ဘယ်လို အနိုင်ယူ ရမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတော့တယ်။ ဟတ်တာကိုရော ပြန်ကယ်တယ်နိုင်ပါ့မှာလားဆိုတာ စိတ်ဝင်စားစရာပါ။ Hatter အဖြစ် ကျွန်တော်တို့ အချစ်တော် မင်းသားကြီး Johnny Deepကနေ သရုပ်ဆောင်ထားပါတယ်။
ထွက်သမျှတွေထဲက အကြည်ဆုံးဖြစ်တဲ့ 720 HDTCဗားရှင်းနဲ့ တင်ပေးထားပါတယ်။ ကာလာတွေလဲ တော်တော်စုံတာမို့ ကြည့်ရတာ အဆင်ပြေမယ် ထင်ပါတယ်။Blu Ray ထွက်ရင်လဲ ထပ်ပြီး updateလုပ် ထပ်တင်ပေးသွားမှာမို့ blu rayမှ ကြည့်မယ်ဆိုတဲ့လူတွေတော့ စောင့်ကြပါလို့......
*** Update From www.channelmyanmar.com
(ဇာတ်ကားအညွန်းရေးပေးသူကတော့ Kaung Myat Thuပဲဖြစ်ပါတယ်)


Share this article :

Post a Comment

Powered by Blogger.