Latest Movie :

Fool’s Gold (2008) - မြန်မာစာတန်းထိုး


၁၇၁၅ ခုနှစ် ဇူလိုင်လ ၂၄
စပိန်နိုင်ငံရဲ့ ဘုရင်ဖီးလစ်ပ် မင်္ဂလာပွဲအတွက်
ရတနာတွေကို ဟာဗားနား ကျူးဘားကနေ စတင် ရွက်လွှင့်ပို့ဆောင်ခဲ့တယ်
သမိုင်းရဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးမှတ်တမ်းမှာ
အကြီးမားဆုံးပို့ဆောင်မှုတစ်ခုအဖြစ် မှတ်တမ်းတင်ခံခဲ့ရတဲ့ ရတနာတွေ…
” ဘုရင်မကြီးရဲ့ လက်ဖွဲ့ “လို့ခေါ်ဆိုကြတဲ့ အဲဒီရတနာတွေဟာ အဲဒီ ခေတ်က
ဒေါ်လာ သန်းငါးရာတန်တဲ့ ရွှေ ငွေနဲ့ ကျောက်သံပတ္တမြားတွေ ဖြစ်တယ်…
အချိန်မတော်ကျင်းပတဲ့ မင်္ဂလာပွဲအတွက် ဘုရင်ဖီးလစ်က
လက်ဖွဲ့ပစ္စည်းတွေကို နှစ်တစ်နှစ်ရဲ့ အဆိုးဆုံးအချိန်မှာမှ ပို့ဆောင်မိခဲ့တယ်
ပင်လယ်ပြင်ရဲ့ လှည့်စားမှုကြောင့် သင်္ဘောကြီးဟာ
ဟာရီကိန်းမုန်တိုင်းရဲ့ အလယ်ခေါင်ကိုမှ ၀င်တိုးမိရက်သား ဖြစ်သွားခဲ့တယ်
သင်္ဘောကြီးကို နောင်တစ်ချိန်အထိ ထပ်မတွေ့ခဲ့ကြတော့ဘူး…
IMDb 5.7/10 …
Rotten Tomatoes 11% …
Metacritic 29%
Rating တွေ ကြည်ပြီး စိတ်ထဲ မတင်မကျဖြစ်မသွားပါနဲ့
သမိုင်းကြောင်းကို မှီငြမ်းရိုက်ထားတဲ့ ရတနာရှာတဲ့ကားတွေဟာ
Rating နည်းတတ်လေ့ရှိပါတယ် ဒီကားက အလုံးစုံတော့ ပြည့်စုံနေတာ
မဟုတ်ပေမယ့်လည်းပဲ
Christopher Nolanရဲ့ Interstellarမှာ ခေါင်းဆောင်ပါဝင်ခဲ့ပြီး
Dallas Buyers Club နဲ့ အော်စကာဆုရခဲ့တဲ့မင်းသား
Matthew McConaugheyနဲ့
Almost Famousဆိုတဲ့ကားမှာ ပါဝင်သရုပ်ဆောင်ပြီး
ရွှေကမ္ဘာလုံးဆုရခဲ့တဲ့ မင်းသမီး Kate Hudson တို့က
ခေါင်းဆောင်ပါဝင်ထားတယ်
ဒါတင်မကပဲ ဟာသသရုပ်ဆောင် Kevin Hartကပါ
အားဖြည့်ကူညီထားသေးတယ်
ဒီလူတွေကြောင့် ဇာတ်ကားဟာ အတော်အသင့်တော့
ကြည့်လို့ကောင်းသွားတယ်ဆိုတာတော့ သေသေချာချာပြောနိုင်ပါတယ်
Googleမှာ Best Treasure Hunting Moviesလို့သာ ရိုက်ရှာလိုက်ရင်
ကျလာမယ့်ထဲ တစ်ကားအပါအ၀င်ဖြစ်တဲ့ Fool’s Goldကို
စိမ်းပြာရောင် ပင်လယ်ကြီးနဲ့အတူ ခံစားမျေုာပါလိုက်ကြရအောင်ဗျာ…
ဒီဇတ်ကားကို Ye Khant Min မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ သူကိုယ်တိုင်ရေးပေးထားပါတယ်
(သစ်ဆန်းခန့်)






Share this article :

Post a Comment

Powered by Blogger.